Tuesday, September 24, 2013

လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ ဇီဝ ရုပ် ဖြစ်ပျက်မှု မြန်ဆန် စေရန်

လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ ဇီဝ ရုပ်ဖြစ်ပျက်မှု မြန်ဆန်စေ တဲ့ နည်းလမ်း တွေ လုပ်ဆောင်ပြီး ကိုယ် အလေးချိန် လျှော့ချ နိုင် ပါတယ်။
နာနတ်သီး စားပါ

နာနတ်သီး မှာ ပါဝင် တဲ့ ဘရိုမီလင် က အစာ အိမ် နဲ့ အူလမ်းကြောင်း မအီမ သာ ဖြစ်မှု တွေကိုေ ကာင်းမွန်စေ တယ် လို့ နယူးယောခ် မှ ဒေါက်တာ ဒန်ဟမ်နာ က ပြောပါ တယ်။ ဘရိုမီလင် က ပန် ခရိယ ဆဲလ် တွေ ကို ကူညီပေး တာ ကြောင့် အစာ ချေဖျက် မှု ကို အားပေး ပါတယ်။ ဩဂဲနစ် သီးနှံ များ ကိုသာ စားသုံး ပါ အသီးအနှံ တွေ ဝယ်ယူ တဲ့ အခါ သ ဘာဝ အတိုင်း စိုက်ပျိုး ထားတဲ့ ဩဂဲ နစ် သီးနှံ တွေ ကို ရွေးချယ် ဝယ်ယူ ပါ။ လေ့ လာမှု တွေ အရ ပိုးသတ်ဆေး တွေ သုံးထား တဲ့ အသီး အနှံ တွေကို စားသုံး တာကြောင့် အဆီ ဆဲလ် တွေ ထဲမှာ ပိုးသတ်ဆေး အ ကြွင်းအကျန်ေ တွ ရှိနေပြီး အဲဒါ တွေက ဇီဝ ဖြစ်ပျက်မှု ကို နှေးစေ တယ် လို့ တွေ့ရှိ ထားပါတယ်။
တရားထိုင်ပါ
နေ့စဉ် ပုံမှန် တရား အား ထုတ်တာ က ဇီဝ ရုပ်ဖြစ် ပျက် မှု ကို မြန်စေ ပါတယ်။ စိတ် ဖိစီးမှု က ခန္ဓာ ကိုယ်ကို အကြီး အကျယ် ထိခိုက် စေပြီး ဗိုက်ပတ် လည် မှာ အဆီပို တွေကို စုစေ ပါတယ်။ တရား ထိုင် တာက စိတ်ဖိစီးမှု လျှော့ချ ပေးပြီး ဇီဝ ရုပ်ဖြစ်ပျက် မှုကို ကောင်းမွန် စေပါတယ်။
လက်ဖက်ရည် ကြမ်း သောက်ပါ
လက်ဖက်ရည် ကို တစ်ကျိုက်ချင်း သောက် တာက ဇီဝ ရုပ်ဖြစ် ပျက်မှုကို မြန် ဆန် စေပြီး ကိုယ် အလေးချိန် ကျဆင်း စေ ပါတယ်။ လက်ဖက်ရည် ကြမ်း ထဲမှာ ကက် တီချင် ပါဝင် တာ ကြောင့် ဇီဝ ရုပ် ဖြစ်ပျက် မှုမြန် ဆန် ပြီး သွေးတွင်း မကောင်း တဲ့ ကိုလက် စထရော တွေ ကို လည်းေ လျာ့ န ည်း စေပါတယ်။
ရေအေးအေး နှင့် ချိုးပါ
ခန္ဓာကိုယ် တုန်ယင် မှု က လည်း ဇီဝ ရုပ်ဖြစ် ပျက်မှု ကို ကောင်းစေ ပါတယ်။ ရေ အေးအေး နဲ့ ချိုး တာ ကြောင့် ချမ်းတုန် လာ တာ က ဇီဝ ရုပ်ဖြစ် ပျက်မှု ကို ကောင်း စေပြီး ကြွက်သား တွေ ကျုံ့ ညှစ် မှု ကို ဖြစ်စေ ပါ တယ်။ ရေအေးအေး ကြောင့် အေးတဲ့ ဒဏ် ကို ခံရ ပေမယ့် ခန္ဓာကိုယ် တွင်း အပူချိန် ပြောင်းလဲမှု မဖြစ် အောင်၊ ပုံမှန် အပူချိန် ကို ပြန်ရ အောင် သဘာဝ အတိုင်း ထိန်းညို တာ က ဇီဝရုပ် ဖြစ်ပျက် မှု ကို ကောင်း စေ ပါတယ်။
အရက်ကို ထိန်းချုပ် သောက်ပါ
စိတ် ထိခိုက် ခံစား နေရတာ ဒါမှမ ဟုတ် အပေါင်း အသင်း တွေနဲ့ ဆုံတွေ့ တာ မျိုးတွေမှာ အရက် ကို အလွန် အကျွံ သောက်မိ တတ် ပါတယ်။ အရက် နဲ့ အချို ရည် ရောစပ် ပြီး ကော့တေး သောက် တာ၊ ဒါမှ မဟုတ် ဝိုင် နှစ်ခွက်၊ ဒါမှ မဟုတ် ဘီ ယာ နှစ် ပုလင်း သောက်တာ ကြောင့် ခန္ဓာ ကိုယ် ရဲ့ အဆီချေ ဖျက် နိုင်စွမ်း ၇၃ ရာခိုင် နှုန်း လျော့နည်း စေတယ် လို့ သုတေသန တွေ မှာ တွေ့ရှိ ပါ တယ်။ အသည်း က အဲလ်ကိုဟော ကို အစီတိတ် အဖြစ် ပြောင်းလဲပြီး လောင်စာ အဖြစ် အသုံး ပြု တာကြောင့် ခန္ဓာ ကို ယ် တွင်း သိုလှောင် ထား တဲ့ အဆီ တွေ ဖြိုခွဲမှု လျော့ နည်း သွား ရတာပါ။
အချဉ်ဓာတ် ရှိသော သစ်သီး အနံ့ ရှူပါ
အချဉ် အရသာ ရှိတဲ့ သစ်သီး တွေရဲ့ ရနံ့ ဒါမှ မဟုတ် ပက်ပါမန့် ရနံ့ ကို ရှူရှိုက် လိုက်တဲ့ အခါ အာ ရုံကြော စနစ် ကို လှုံ့ ဆော် တာကြောင့် ဇီဝရုပ် ဖြစ်ပျက် မှု ကို ကောင်းစေ ပါတယ်။ လေ့ကျင့်ခန်း လုပ်နေ စဉ် မှာ သံပရာ ရနံ့၊ စတော်ဘယ် ရီ ရနံ့မျိုး ရတဲ့ အခါ ခန္ဓာကိုယ် က ကယ်လိုရီ အပို တွေ ပိုမို လောင်ကျွမ်း နိုင် ပါတယ်။
ရေအေးအေး သောက်ပါ
ရေက ခန္ဓာကိုယ် တွင်း လုပ်ငန်း ဆောင် တာ တွေ လုပ်ဆောင် ဖို့ နဲ့ ဆဲလ်အ တွင်း အစာ အာဟာ ရ တွေ ရရှိဖို့ အတွက် မရှိ မဖြစ်ပါ။ လေ့လာ မှု တွေ အရ တစ်နေ့ ကို ရေ ၈-၁၂ ဖန်ခွက် သောက် သုံး သူ တွေဟာ တစ်နေ့ ကို ရေ လေး ဖန်ခွက် သောက်သုံး သူတွေ ထက် ဇီဝရုပ် ဖြစ်ပျက် မှု ပို မို မြ န်ဆန် တာကို တွေ့ရပါတယ်။ ရေဓာတ် လိုအပ် တဲ့ အခါ ခန္ဓာကိုယ် က ဆာလောင် မှု နဲ့ မှား ယွင်း ပြီး အစာ တွေ ပိုစား မိနိုင် ပါတယ်။ ရေကို ပြည့်ပြည့် ဝ၀ သောက်တာ က အစာ ပိုမစား မိေ အာင် ထိန်းချုပ် ထားပြီး သား ဖြစ်စေ ပါတယ်။
အပူ အစပ် စားပါ
အစပ်စား တဲ့ အခါ စပ်လွန်း လို့ မျက် ရည်ထွက် တာ မျိုးတောင် ဖြစ်တတ် ပါ တယ်။ အစပ်စား တဲ့ အခါ နှလုံး ခုန် နှုန်းမြန် လာတာ၊ အဲဒီ အစာ ကို ချေဖျက် ဖို့ စွမ်း အင် အသုံးပြု ရတာ တွေ ကြောင့် ကယ်လို ရီတွေ လောင်ကျွမ်း သွား စေ ပါတယ်။
မတ်တတ် ရပ်ပါ
အထိုင် များ တာ က ကယ်လိုရီ လောင်ကျွမ်း မှု နည်းတာ ကြောင့် ကိုယ် အလေးချိန် တက် လာေ စ ပါတယ်။ မတ် တတ်ရပ် အလုပ် လုပ် ရသူ တွေ အနေ နဲ့ သိပ် မသိ သာ ပေမယ့် အထိုင်များ သူေ တွ အနေ နဲ့ ဝမ်းဗိုက်ပိုင်း မှာ အဆီပို တွေ သိသိ သာသာ စုလာ တတ် ပါတယ်။ အထိုင် များ သူတွေ အနေ နဲ့ ၃၀ မိနစ် လောက် အလုပ် လုပ် ပြီးတိုင်း ၅ မိနစ် လောက် လမ်းထ လျှော က် ပေး ပါ။
ကော်ဖီ သောက်ပါ
ကဖင်း က နှလုံး ခုန်မြန်တာ၊ အသက် ရှူမြန် တာနဲ့ ဇီဝရုပ် ဖြစ်ပျက် မှု မြန်တာ တွေ ဖြစ်စေ ပါတယ် ။ ကဖင်း ပါ တဲ့ ဖျော် ရည်သောက် သူတွေ ဟာ ကဖင်း မပါတဲ့ ဖျော်ရည် သောက် သူတွေ ထက် ဇီ ဝ ရုပ် ဖြစ်ပျက် မှု ၁၆ ဆ ပိုမို ကောင်းမွန် တာ ကို တွေ့ရပါတယ်။ ကဖင်း ဓာတ် အများ အ ပြားေ သာက်သုံး တာ မျိုး ကတော့ သင့် ကျန်းမာရေး ကို ထိခိုက် နိုင် ပါတယ်။
အသက်ရှူ လေ့ကျင့်ပါ
အသက်ရှူ လေ့ကျင့်ခန်း က အောက် ဆီဂျင် ကို အလုံ အလောက် ရရှိ စေပြီး ဇီဝ ရုပ် ဖြစ်ပျက် မှု ကို ကောင်းစေ ပါတယ်။ ယောဂ ကျင့်တာ၊ တရား ထိုင် တာ တွေ ပြု လုပ် ပေးပါ။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Good Health

0 comments:

Post a Comment