၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည်
ကာမစိတ်ကြွဆေး များရောင်းချနေကြောင်းသတင်းအရ တာမွေမြို့နယ်၊
တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊
တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏ဆေးဆိုင်အား ရှာဖွေရာ
သစ်သားခေါက်ဗန်းအတွင်း ကာမစိတ်ကြွဟော်မုန်း ဆေးများဖြစ်သည့်GOOD MAN ၊
ANPHAMALEPLUS ၊ MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA
၊MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေဗူးများ၊DR-X-100 ၊ MCC ၊
CAVERTA တံဆိပ်များ ပါဆေးကဒ်များ၊STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND
တံဆိပ် များပါဆေးထုပ်များ၊ BLACKANT
တံဆိပ် ပါဆေးတောင့်များနှင့်ဆေးပစ္စည်းများရောင်းချ ရရှိသည့်ငွေကျပ်
(၉၀၀၀)တို့အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် တာမွေမြို့မရဲစခန်း
(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့်အရေးယူဆောင်ရွက် လျက် ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police
0 comments:
Post a Comment