Tuesday, September 24, 2013

ရခိုင်ရှိ မွတ်စလင်အတွက် အိမ်ဆောက်ပေးဖို့ကိစ္စကို ဆန့်ကျင်သူ ထောင်ကျ

 ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်တွေအတွက် တူရကီနိုင်ငံအကူအညီနဲ့ ဆောက်လုပ် ပေးမဲ့ အိမ်ရာ စီမံကိန်းနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့တဲ့ ရသေ့တောင်မြို့နယ်က ဆန္ဒပြ ခေါင်းဆောင် ၂ဦးကို မြို့နယ်တရာရုံးက ထောင်ဒဏ် ၃လစီ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

ခွင့်ပြုချက်မရပဲ တရားမ၀င် စီတန်းလှည့်လှယ်မှု ပုဒ်မ ၁၈နဲ့ စက်တင်ဘာ ၂၃ရက်နေ့မှာတရားစီရင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးဖြစ်တဲ့ ကိုသိန်းဝင်းက ပြောပါတယ်။
ရသေ့တောင်က ၂ယောက် ၃လပါ၊ မူဆလင်တွေကိုပေါ့နော် နိုင်ငံသားမဟုတ်တဲ့လူတွေကို အိမ်ဆောက် ပေးဖို့အတွက် အစိုးရက လုပ်တဲ့အပေါ်မှာ တောင်ကုတ်ရယ်၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်ပေါ့နော် အဲဒီ ၄မြို့ကပြတယ်ခင်ဗျ၊ တောင်ကုတ်က ၃ယောက်ရယ်၊ ကျောက်တော်က ၄ယောက်၊ ရသေ့တောင်က ၂ယောက်ပေါ့နော် အဲဒါက ၃လစီထောင်ချသွားပြီခင်ဗျ၊ စစ်တွေက ၂ယောက်တော့ ကျန်သေးတယ် မချ သေးဘူးခင်ဗျ။
ထောင်၃လချခံလိုက်ရသူတွေကို သဘောင်္နဲ့ စစ်တွေထောင်ကို ပို့လိုက်ပြီလို့လည်း သိရပါတယ်။
စစ်တွေဆန္ဒပြခေါင်းဆောင်တွေဖြစ်တဲ့ ဦးကျော်ဇောဦးနဲ့ ဒေါ်ညိုအေးတို့ကိုတော့ ဒီလကုန်ပိုင်းမှာ စီရင်ချက် ချဖို့ စီစဉ်ထားပါတယ်။
လွန်ခဲ့တဲ့မတ်လ ၇ရက်နေ့က စစ်တွေ၊ ရသေ့တောင်၊ တောင်ကုတ်၊ကျောက်တော်၊ မြောက်ဦးမြို့နယ်က ဒေသ ခံတွေက တရားမ၀င်နေထိုင်သူများကို ဥပဒေကြောင်းအရ အရေးယူပေးဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း စီစစ်ပေးဖို့၊ နိုင်ငံသားမဟုတ်သူကို နိုင်ငံသားအခွင့်အရေးမပေးဖို တောင်းဆိုခဲ့ကြပြီး ခွင့်ပြု ချက်မရပဲ ဆန္ဒပြခဲ့တဲ့အတွက် ဆန္ဒပြခေါင်းဆောင်တွေကိုခုလိုတရားစွဲထောင်ချခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။
ABC Radio Australia

0 comments:

Post a Comment