Tuesday, September 24, 2013

ပရိတ်သတ်များတောင်းဆိုသဖြင့် ဒါရိုက်တာသရုပ်ဆောင်အဖြစ် ဦးကျော်သူရှပ်ရှင်ပြန်ရိုက်မည်

စက်တင်ဘာ ၁၅ ရက်နေ့က  နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဗြဟ္မစိုရ်ခရီးလမ်းကြောင်းအဖြစ် မန္တလေး၊ မုံရွာ၊ စစ်ကိုင်းနယ်မြေ များ သို့သွားရောက်ခဲ့ပြီး နာရေး ကူညီမှုအသင်းရန်ကုန်ရုံးချုပ်၌ အသင်းအဖွဲ့ ၅၀၀ ကျော်တို့ဘုံ သဘောထားထုတ်ပြန်ခဲ့ရာ၌ အကြောင်းမျိုးမျိုးကြောင့် မတက် ရောက်နိုင်ခဲ့သော အသင်းအဖွဲ့ ၂၀ ကျော်ကို ဥက္ကဋ္ဌဦးကျော်သူ၊  အုပ်ချုပ်ရေးမှူးဒေါ်ဧရာ မောင်မောင်တို့ကမန္တလေးတောင် စလင်းကျောင်းတိုက်တွင် တွေ့ဆုံ ဟောပြောခဲ့ ကြောင်း သိရသည်။

ထို့နောက်စစ်ကိုင်းတိုင်းဒေသ ကြီးရေဘေးဒုက္ခကြုံတွေ့နေရသော  ရပ်ကွက်အချို့အား ကျပ် ၁၀ သိန်း  တန်ဖိုးရှိဆန်အိတ်များ လှူဒါန်း၍ ဇီးကုန်းမြို့သို့ဆက်လက်ထွက်ခွာ ပြီး ဆရာနေ၀င်းမြင့်၊ ဆရာမ ခင်ခင်ထူးတို့နှင့် အတူစာပေဟော  ပြောပွဲကျင်းပရာပရိသတ်များက ဦးကျော်သူကို ရုပ်ရှင်ပြန်ရိုက်ရန် သဘောထားပေးခဲ့ကြောင်း နာကူ  (ရန်ကုန်)၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါစာပေဟောပြောပွဲ တွင် ပရိသတ်အား ဦးကျော်သူမှ “ကျွန်တော်ရဲ့ ခံစားချက်အစစ်အမှန် အားလုံးကို သိနားလည်နေတဲ့ ဆရာနေ၀င်းမြင့်တို့ဇနီးမောင်နှံက ဇာတ်လမ်းရေးပေးရင်ဒါရိုက်တာ သရုပ်ဆောင်အဖြစ်ပြန်လုပ်ပါမယ်” ဟု ကတိပေးပြောကြားလိုက်သည်။ 
ဦးကျော်သူမှာ ၂၀၀၇ ခုနှစ်မှ ယနေ့အချိန်အထိရုပ်ရှင်လောက မှ အနားယူခဲ့ပြီး နာရေးကူညီမှု  အသင်းကို ဦးဆောင်မှုပြုကာ ပရဟိတလုပ်ငန်းများသာ အစဉ် တစိုက်လုပ်ဆောင်နေခဲ့သူတစ်ဦး ဖြစ်သည်။           
 ဇော်မြင့်
The Hot News Weekly

0 comments:

Post a Comment