Tuesday, July 23, 2013

ဝဖြိုးသော ဖခင်များ၏ သားသမီးနှင့် မြေးများ၌ အဝလွန်ခြင်း ဖြစ်ပေါ်နိုင်


ဝဖြိုးသောဖခင်များ၏ ကိုယ်အလေးချိန် မြင့်မားမှုသည် ၎င်းမှ မွေးဖွားသော ကလေးများ သာမကဘဲ မြေးများထိအောင် ကိုယ်အလေးချိန် လွန်ကဲခြင်း ဖြစ်ပေါ်စေနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ လေ့လာချက် တစ်ရပ်တွင် တွေ့ရှိရသည်။ 

ကိုယ်ဝန် စတင်တည်စအချိန် တွင် ဖခင်၏ ကိုယ်အလေးချိန်သည် ကလေးငယ် အပေါ် သက်ရောက်မှုရှိနေပြီး ဖခင်များ အနေဖြင့် ကလေးမမွေးဖွားမီ၌ ကိုယ်အလေးချိန် လျှော့ချသင့်ကြောင်းလည်း အဆိုပါ လေ့လာချက်၌ အကြံပြု ထားသည်။ အဆိုပါ အဝလွန်ဖခင်များ၏ သုတ်ပိုးများတွင် ဆီးချို ရောဂါအပါအဝင် အဝလွန်ခြင်းဆိုင်ရာ ပြဿနာများကို နောက်ထပ်မျိုးဆက် များစွာတွင် ဖြစ်ပေါ်စေနိုင်ကြောင်းလည်း အဆိုပါ သုတေသီများက ဆိုကြသည်။

မိန်းကလေး ငယ်များမှာ အဝလွန်ခြင်းဖြစ်ပေါ်ရန် ပိုမို အလားအလာ မြင့်မားသော်လည်း မိန်းကလေးနှင့် ယောက်ျား လေး နှစ်ဦးစလုံးတွင် အဝလွန်ခြင်း အန္တရာယ်ကို အမွေဆက်ခံရရန် အလား အလာရှိသည်ဟု အဆိုပါ သုတေသန ကိုပြု လုပ်ခဲ့သည့် သြစတြေးလျနိုင်ငံ အက်ဒီလိုက် တက္ကသိုလ်မှ ပညာရှင်များက ပြောကြားခဲ့သည်။ ။

ကျော်ဇင်ထွဋ်

မြ၀တီ

0 comments:

Post a Comment