Tuesday, July 23, 2013

ဗြိတိန်ရဲ့ တတိယမြောက် နန်းလျာ မွေးပြီ



တော်ဝင် ကလေးမွေးဖွားကြောင်း ဆရာဝန်ရဲ့ ကြေညာချက် (Credit: Reuters)

ဗြိတိန်နိုင်ငံ တောင်ဝင်မင်းသား ဝီလီယံရဲ့ ဇနီး ကိတ်ဟာ သားယောက်ကျားလေးကို မွေးဖွားခဲ့ပြီး ကလေးရဲ့ နာမည်ကိုတော့ ခုချိန်ထိ မကြေညာသေးဘူးလို့ သိရပါတယ်။


ဒေသစံတော်ချိန် ညနေ ၄နာရီခွဲခါနီးမှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးက ၈ ပေါင် ၆ အောင်စရှိပြီး ကီလိုအားဖြင့် ၃.၈ ကီလို ရှိကြောင်းသိရပါတယ်။

ကလေးကို လန်ဒန်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီး အဲဒီဆေးရုံမှာပဲ ဝေလမင်းသမီး ဒိုင်ယာနာက ကလေးရဲ့ ဖခင် ဝီလီယံနဲ့ မင်းသား ဟယ်ရီကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ကလေးနဲ့ မိခင်ဟာလည်း ကျန်းမာနေကြကြောင်း Kensington နန်းတော်က ကြေညာခဲ့ပါတယ်။

ကလေးငယ်ဟာ Cambridge မြို့စား မင်းသားဝီလီယံရဲ့သား ဖြစ်တဲ့အတွက် ကလေးရဲ့ နာမည်ကို မကြေညာခင် ကလေးကို Cambridge မင်းသားလို့ပဲ ခေါ်ဝေါ်ကြမှာဖြစ်ပါတယ်။

ကလေးရဲ့ ဖခင်ဖြစ်သူ မင်းသားဝီလီယံကို မွေးတုန်းက တစ်ပတ်အကြာမှ ဝီလီယံလို့ နာမည်ပေးခဲ့ပြီး အိမ်ရှေ့မင်းသား ချားလ်စ်မွေးတုန်းကတော့ တစ်လအကြာမှ နာမည်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

ကလေးရဲ့ အဖိုးဖြစ်သူ အိမ်ရှေ့မင်းသား ချားလ်စ်ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပြီး သူ့မှာ မြေးဦးရလိုက်တဲ့အတွက် ပျော်မဆုံးဖြစ်နေတဲ့အကြောင်း သားဦးရတဲ့ သူ့ရဲ့သားနဲ့ ချွေးမတွေအတွက် ဝမ်းသာမဆုံးဖြစ်မိတဲ့အကြောင်း ရေးသားထားပါတယ်။

ခုမွေးဖွားတဲ့ကလေးငယ်ဟာ ဗြိတိန်နိုင်ငံ အိမ်ရှေ့မင်းသားရဲ့ မြေးဖြစ်တဲ့အတွက် ဘုရင်မရဲ့အရိုက်အရာကို ဆက်ခံနိုင်တဲ့ တတိယမြောက် ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ABC Radio Australia

0 comments:

Post a Comment