Monday, July 15, 2013

ခိုလှုံခွင့်တောင်းသူ လှေနစ်မြုပ် ၈၈ ဦး ကယ်တင်နိုင်

Photo: ခိုလှုံခွင့်တောင်းသူ လှေနစ်မြုပ် ၈၈ ဦး ကယ်တင်နိုင်
Monday, 15 July 2013

ခိုလှုံခွင့်တောင်းလိုသူပေါင်း ၉၇ဦးတင်ဆောင်လာတဲ့ လှေတစီးဟာ သြစတြေးလျ နိုင်ငံ ပိုင်နက် အတွင်းရှိ ခရစ္စမတ်ကျွန်း အနီးမှာ နစ်မြုပ်ခဲ့တဲ့အတွက် လူပေါင်း (၈၈) ဦးကို ကယ်တင် နိုင်ခဲ့ပြီး သေဆုံးသူ (၈)ဦးရဲ့ အလောင်းတွေကို ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

အဲဒီအထဲမှာ မွေးကင်းစ ကလေးငယ် အလောင်း တလောင်းလဲ ပါဝင်တယ်လို့ သိရပါတယ်။ 

ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလဲ နောက်ထပ် အသက်ရှင်ကျန်ရစ်သူ ရှိနိုင်မည့် အလားအလာ မရှိတော့တဲ့ အတွက်ကြောင့် စနေနေ့ည ကတည်းက ရပ်တန့်လိုက်ပြီ လို့လဲသိရ ပါတယ်။

လှေစတင် နစ်မြုပ်ချိန်မှာ သြစတြေးလျ နိုင်ငံက စစ်သင်္ဘော ၂ စီးဟာ ပင်လယ်မိုင် ၈၇ မိုင်ခန့်လောက်ကနေ ဆက်မသွားဘဲ တန့်နေတဲ့လှေပေါ်မှာ စပြီး ရေတွေ ဝင်နေတာကို မြင်ရတဲ့ အကြောင်း၊ နောက်ထပ် လှိုင်းတချက်ပုပ် လိုက်ချိန်မှာ လှေက အလျင်အမြန် နစ်မြုပ် သွားတာကို မြင်တွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။

လှေပေါ်ပါလာသူ တဦးက လှေနစ်မြုပ်နေပြီ ဖြစ်တဲ့အကြောင်း လှေပေါ်ကနေ သြစတြေးလျ နိုင်ငံမှာ ရှိတဲ့ လူတဦးကို စနေနေ့ နေ့ခင်းပိုင်း (၁)နာရီလောက်က အဆက်အသွယ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖုန်းလက်ခံ ရရှိ သူက ရဲတွေကို အကြောင်းကြားပြီး ရဲတွေက နေတဆင့် သြစတြေးလျ နိုင်ငံ ရေတပ်ကို တပ်လှန့်ပြီး နောက် (၅) နာရီလောက်ကြာမှ ရေတပ်သင်္ဘောတွေက တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

အခု လို (၅) နာရီကြာတဲ့ အထိ တုန့် ပြန်မှုတွေကြောင့်၊ ရေတပ် အာဏာပိုင်တွေဟာ လူ့ အသက်တွေကို တန်ဘိုး မထားဘဲ အချိန်ယူ လျှစ်လျှူရှု ခဲ့တယ်လို့ ရေတပ်က စွပ်စွဲခံနေ ရပါတယ်။

ခိုလှုံခွင့် တောင်းလိုသူတွေ လှေတွေနဲ့ သြစတြေးလျနိုင်ငံထဲ ခိုးဝင်လာတဲ့ ကိစ္စဟာ သြစတြေးလျ နိုင်ငံက နိုင်ငံရေး ဇါတ်ခုံမှာ အဆက်မပြတ်ဆိုသလို ရောက်လာနေတဲ့ ကိစ္စဖြစ်ပြီး ပိုပြီး ထိရောက်မှုရှိတဲ့ မူဝါဒ ချမှတ် နိုင်ရေး အတွက် နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင် ပြောဆို လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ဒီလိုအခြေအနေကြောင့် သြစတြေးလျ နိုင်ငံမှာ ပြီး ခဲ့ တဲ့ လကုန်ပိုင်းလောက်ကဘဲ ရာထူး နေရာကို ပြန်ရ သွားတဲ့ ဝန်ကြီးချုပ် Kevin Rudd ဟာ အခုအခါမှာ နိုင်ငံခြားခရီးစဉ် ဒုတိယ တနိုင်ငံဖြစ်တဲ့  ပါပူဝါနယူးဂနီ နိုင်ငံကို ရောက်ရှိ နေပြီး ခိုလှုံခွင့်တောင်းလိုသူများနဲ့ ပတ်သက်တဲ့ အကြောင်းတွေ အဓိကထား  ဆွေး နွှေးမှာဖြစ်ပါတယ်။

အဲ့ဒ့ါအပြင် အင်ဒိုနီးရှား နိုင်ငံ ခရီးစဉ်တုန်းကလဲ ဒီကိစ္စကိုဘဲ အဓိကထားဆွေး နွှေးခဲ့ပါတယ်။ ဒီလ မကုန်ခင်မှာ မြန်မာ နိုင်ငံ အပါအဝင်၊  ဒေသတွင်း - ဒုက္ခသည်များနဲ့ ပါတ်သက်တဲ့ နိုင်ငံက နိုငငံခြားရေး ဝန်ကြီးတွေဟာ သြစတြေးလျ နိုင်ငံမှာ လာရောက် ဆွေးနွေးဖို့ ရှိနေပါတယ်။

ပါပူဝါနယူးဂနီ နိုင်ငံမှာ ခိုလှုံခွင့် တောင်းလိုသူများအတွက် တည်ဆောက်နေတဲ့ ထိန်းသိမ်းရေး စခန်းက နေရာထိုင်ခင်းတွေ အဆင်မပြေ ဖြစ်နေတာတွေ၊ ဆောက်လုပ်မှု နှောင့်နှေး နေတဲ့ ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

ABC Radio Australia
ခိုလှုံခွင့်တောင်းလိုသူတွေ တင်ဆောင်လာတဲ့ လှေတစ်စီး (Credit: ABC licensed)
ခိုလှုံခွင့်တောင်းလိုသူပေါင်း ၉၇ဦးတင်ဆောင်လာတဲ့ လှေတစီးဟာ သြစတြေးလျ နိုင်ငံ ပိုင်နက် အတွင်းရှိ ခရစ္စမတ်ကျွန်း အနီးမှာ နစ်မြုပ်ခဲ့တဲ့အတွက် လူပေါင်း (၈၈) ဦးကို ကယ်တင် နိုင် ခဲ့ပြီး သေ ဆုံးသူ (၈)ဦးရဲ့ အလောင်းတွေကို ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။
အဲဒီအထဲမှာ မွေးကင်းစ ကလေးငယ် အလောင်း တလောင်းလဲ ပါဝင်တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလဲ နောက်ထပ် အသက်ရှင်ကျန်ရစ်သူ ရှိနိုင်မည့် အလားအလာ မရှိတော့တဲ့ အတွက်ကြောင့် စနေနေ့ည ကတည်းက ရပ်တန့်လိုက်ပြီ လို့လဲသိရ ပါတယ်။

လှေစတင် နစ်မြုပ်ချိန်မှာ သြစတြေးလျ နိုင်ငံက စစ်သင်္ဘော ၂ စီးဟာ ပင်လယ်မိုင် ၈၇ မိုင်ခန့်လောက် ကနေ ဆက်မသွားဘဲ တန့်နေတဲ့လှေပေါ်မှာ စပြီး ရေတွေ ဝင်နေတာကို မြင်ရတဲ့ အကြောင်း ၊ နောက် ထပ် လှိုင်းတချက်ပုပ် လိုက်ချိန်မှာ လှေက အလျင်အမြန်နစ်မြုပ်သွားတာကို မြင်တွေ့ ခဲ့ရတယ်လို့ ဆိုပါ တယ်။

လှေပေါ်ပါလာသူ တဦးက လှေနစ်မြုပ်နေပြီ ဖြစ်တဲ့အကြောင်း လှေပေါ်ကနေ သြစတြေးလျ နိုင်ငံမှာ ရှိတဲ့ လူတဦးကို စနေနေ့ နေ့ခင်းပိုင်း (၁)နာရီလောက်က အဆက်အသွယ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖုန်းလက်ခံ ရရှိ သူက ရဲတွေကို အကြောင်းကြားပြီး ရဲတွေက နေတဆင့် သြစတြေးလျ နိုင်ငံ ရေတပ်ကို တပ်လှန့်ပြီး နောက် (၅) နာရီလောက်ကြာမှ ရေတပ်သင်္ဘောတွေက တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

အခု လို (၅) နာရီကြာတဲ့ အထိ တုန့် ပြန်မှုတွေကြောင့်၊ ရေတပ် အာဏာပိုင်တွေဟာ လူ့ အသက်တွေကို တန်ဘိုး မထားဘဲ အချိန်ယူ လျှစ်လျှူရှု ခဲ့တယ်လို့ ရေတပ်က စွပ်စွဲခံနေ ရပါတယ်။

ခိုလှုံခွင့် တောင်းလိုသူတွေ လှေတွေနဲ့ သြစတြေးလျနိုင်ငံထဲ ခိုးဝင်လာတဲ့ ကိစ္စဟာ သြစတြေးလျ နိုင်ငံ က နိုင်ငံရေး ဇါတ်ခုံမှာ အဆက်မပြတ်ဆိုသလို ရောက်လာနေတဲ့ ကိစ္စဖြစ်ပြီး ပိုပြီး ထိရောက်မှုရှိတဲ့ မူဝါဒ ချမှတ် နိုင်ရေး အတွက် နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင် ပြောဆို လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ဒီလိုအခြေအနေကြောင့် သြစတြေးလျ နိုင်ငံမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်ကဘဲ ရာထူး နေရာ ကို ပြန်ရသွားတဲ့ ဝန်ကြီးချုပ် Kevin Rudd ဟာ အခုအခါမှာ နိုင်ငံခြားခရီးစဉ် ဒုတိယ တနိုင်ငံဖြစ်တဲ့ ပါပူဝါနယူးဂနီ နိုင်ငံကို ရောက်ရှိ နေပြီး ခိုလှုံခွင့်တောင်းလိုသူများနဲ့ ပတ်သက်တဲ့ အကြောင်းတွေ အဓိကထား ဆွေး နွှေးမှာဖြစ်ပါတယ်။

အဲ့ဒ့ါအပြင် အင်ဒိုနီးရှား နိုင်ငံ ခရီးစဉ်တုန်းကလဲ ဒီကိစ္စကိုဘဲ အဓိကထားဆွေး နွှေးခဲ့ပါတယ်။ ဒီလ မကုန်ခင်မှာ မြန်မာ နိုင်ငံ အပါအဝင်၊ ဒေသတွင်း - ဒုက္ခသည်များနဲ့ ပါတ်သက်တဲ့ နိုင်ငံက နိုငငံခြားရေး ဝန်ကြီးတွေဟာ သြစတြေးလျ နိုင်ငံမှာ လာရောက် ဆွေးနွေးဖို့ ရှိနေပါတယ်။

ပါပူဝါနယူးဂနီ နိုင်ငံမှာ ခိုလှုံခွင့် တောင်းလိုသူများအတွက် တည်ဆောက်နေတဲ့ ထိန်းသိမ်းရေး စခန်းက နေရာထိုင်ခင်းတွေ အဆင်မပြေ ဖြစ်နေတာတွေ၊ ဆောက်လုပ်မှု နှောင့်နှေး နေတဲ့ ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

ABC Radio Australia
ခိုလှုံခွင့်တောင်းလိုသူတွေ တင်ဆောင်လာတဲ့ လှေတစ်စီး (Credit: ABC licensed)



0 comments:

Post a Comment