Monday, July 15, 2013

"ကိုယ်ပျောက်တိုက်လေယာဉ်သစ်ကို ၂၀၁၆ ခုနှစ်တွင် အသုံးပြုနိုင်ရန် ရုရှား မျှော်လင့်"

Photo: "ကိုယ်ပျောက်တိုက်လေယာဉ်သစ်ကို ၂၀၁၆ ခုနှစ်တွင် အသုံးပြုနိုင်ရန် ရုရှား မျှော်လင့်"

ရုရှားအနေဖြင့် #Sukhoi T-50 အမျိုးအစား တိုက်လေယာဉ်ကို (၂၀၁၆)ခုနှစ်တွင် စွမ်းအင်ပြည့် အသုံးပြုနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။ (၂၀၁၃)ခုနှစ်၊ ပြင်သစ် လေကြောင်းပြပွဲတွင် ရုရှားစစ်ဘက်သည် ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်သစ် T-50ကို သရုပ်ပြခဲ့ရာ ကျွမ်းကျင်သူများ၏ အထင်တကြီး မှတ်ချက်များကို ပိုင်ဆိုင်နိုင်ခဲ့သည်။ 

အမေရိကန် လေတပ်၏ ခေတ်အမီဆုံး ကိုယ်ပျောက် တိုက်လေယာဉ် F-22သည် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်အဖြစ် သတ်မှတ်ခံထားရပြီး T-50က ၎င်းကို စိန်ခေါ်လာနိုင်မည်ဟု ရုရှားက ယုံကြည်နေသည်။ 

ရုရှားလေတပ်သည် T-50အတွက် အင်ဂျင်အဆင့် တိုးမြှင့်မှု အောင်မြင်ပြီးမြောက်သည့်နောက် ယင်းစီမံကိန်းကို အရှိန်အဟုန် မြှင့်တင် လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21138

#Russia
#PlanetMyanmar
ရုရှားအနေဖြင့် ‪#‎Sukhoi‬ T-50 အမျိုးအစား တိုက်လေယာဉ်ကို (၂၀၁၆)ခုနှစ်တွင် စွမ်းအင်ပြည့် အသုံးပြုနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။ (၂၀၁၃)ခုနှစ်၊ ပြင်သစ် လေကြောင်းပြပွဲတွင် ရုရှားစစ်ဘက်သည် ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်သစ် T-50ကို သရုပ်ပြခဲ့ရာ ကျွမ်းကျင်သူများ၏ အထင်တကြီး မှတ်ချက်များကို ပိုင်ဆိုင်နိုင်ခဲ့သည်။

အမေရိကန် လေတပ်၏ ခေတ်အမီဆုံး ကိုယ်ပျောက် တိုက်လေယာဉ် F-22သည် လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်အဖြစ် သတ်မှတ်ခံထားရပြီး T-50က ၎င်းကို စိန်ခေါ် လာနိုင်မည်ဟု ရုရှားက ယုံကြည်နေသည်။

ရုရှားလေတပ်သည် T-50အတွက် အင်ဂျင်အဆင့် တိုးမြှင့်မှု အောင်မြင်ပြီးမြောက်သည့်နောက် ယင်း စီမံကိန်းကို အရှိန်အဟုန် မြှင့်တင် လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21138

‪#‎Russia‬
‪#‎PlanetMyanmar‬

0 comments:

Post a Comment