Monday, July 15, 2013

သမ္မတဦးသိန်းစိန် ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့မယ်



သမ္မတဦးသိန်းစိန် ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့မယ်

ရေးသားချိန် 15 July 2013, 11:34 AEST

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဗြိတိန်နိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့မှာ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်နဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်မယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ဗြိတိန်နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီမှု အသစ်တစ်ခုရရှိကြောင်း ဒေးဗစ်ကင်မရွန်က ကြေညာလိမ့်မယ်လို့ မျော်လင့်နေကြပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ မြန်မာထိပ်တန်းခေါင်းဆောင်တစ်ဦးအနေနဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံကို နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဦးဆုံး အကြိမ် သွားရောက်လည်ပတ်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

လေးရက်ကြာမယ့် ခရီးစဉ်အတွင်း ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံကိုသာ လည်ပတ်မယ်လို့ သိရပါတယ်။

မကြာသေးခင်ကလည်း သမ္မတဦးသိန်းစိန်ဟာ ဥရောပတိုက်တွင်းရှိ နော်ဝေ၊ သြစတီးယား၊ ဖင်လန်၊ အီတလီနဲ့ ဘယ်လ်ဂျီယံနိုင်ငံတို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရလက်ထက်အတွက် နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေ ပိုမိုရရှိလာပြီး နာမည်ကောင်းတွေရနေသလို တဖက်မှာလည်း အစိုးရ စီမံအုပ်ချုပ်ရေးပိုင်းက ဥပဒေပြု လွှတ်တော်အဖွဲ့နဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအကြား တနေ့တခြား ထင်ပေါ်လာတဲ့ အားပြိုင်မှုတွေ၊ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပြဿနာတွေနဲ့ အဲဒီပြဿနာက အိမ်နီးချင်းနိုင်ငံတွေအထိ ပြန့်နှံ့နေတဲ့ အခြေအနေတွေကြောင့် သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးတိုးတက်ပြောင်းလဲချက်တွေ မှေးမှိန်နေရတယ်လို့လည်း သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန် (Credit: AFP)

 ABC Radio Australia
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဗြိတိန်နိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့မှာ ဗြိတိန်နိုင်ငံ ဝန်ကြီး ချုပ် ဒေးဗစ်ကင်မရွန်နဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်မယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ဗြိတိန်နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီမှု အသစ်တစ်ခု ရရှိကြောင်း ဒေးဗစ်ကင်မရွန်က ကြေညာလိမ့်မယ်လို့ မျော်လင့်နေကြပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ မြန်မာထိပ်တန်းခေါင်းဆောင်တစ်ဦးအနေနဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ကို နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဦးဆုံး အကြိမ် သွားရောက်လည်ပတ်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

လေးရက်ကြာမယ့် ခရီးစဉ်အတွင်း ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံကိုသာ လည်ပတ်မယ်လို့ သိရပါတယ်။

မကြာသေးခင်ကလည်း သမ္မတဦးသိန်းစိန်ဟာ ဥရောပတိုက်တွင်းရှိ နော်ဝေ၊ သြစတီးယား၊ ဖင်လန်၊ အီတလီနဲ့ ဘယ်လ်ဂျီယံနိုင်ငံတို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရလက်ထက်အတွက် နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေ ပိုမိုရရှိလာပြီး နာမည်ကောင်းတွေရနေသလို တဖက်မှာလည်း အစိုးရ စီမံအုပ်ချုပ်ရေးပိုင်းက ဥပဒေပြု လွှတ်တော် အဖွဲ့နဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအကြား တနေ့တခြား ထင်ပေါ်လာတဲ့ အားပြိုင်မှုတွေ၊ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပြဿနာတွေနဲ့ အဲဒီပြဿနာက အိမ်နီးချင်းနိုင်ငံတွေအထိ ပြန့်နှံ့နေတဲ့ အခြေအနေတွေကြောင့် သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး တိုးတက်ပြောင်းလဲချက်တွေ မှေးမှိန်နေရတယ်လို့လည်း သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန် (Credit: AFP)

ABC Radio Australia

0 comments:

Post a Comment