ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ် လှည်းတန်း လမ်းဆုံရှိ လွန်ခဲ့သော နှစ်က အစပြု တည်ဆောက် ခဲ့သောလှည်းတန်း စင်တာကြီးသည် ၈ဝရာခိုင်နှုန်း နီးပါး ရုပ်လုံးဖော် တည် ဆောက် ပြီးစီးသွားပြီ ဖြစ်ပြီး ယခုအခါ ကျန်ရှိ နေသေးသော အဆောက်အအုံ အတွင်းပိုင်းကို မွမ်းမံ တန်ဆာဆင်ခြင်း လုပ်ငန်းများ ဆောက်ရွက်နေပြီ ဖြစ်ကြောင်း တာဝန်ယူ ဆောက် လုပ်နေသော အေးရှားဝေါ ဆောက် လုပ်ရေးမှ ဝန်ထမ်း တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ထိုလှည်းတန်း စင်တာကြီးတွင် မြေအောက် နှစ်ထပ်နှင့် မြေအပေါ် ကိုးထပ် စုစုပေါင်း ၁၁ ထပ်ရှိပြီး မြေအောက် ကားရပ်နားရန် နေရာ၊ ဆိုင်ခန်းများ၊လူနေ အိမ်ခန်းများ၊ ကုမ္ပဏီ ရုံးခန်းများနှင့် စူပါမားကက်တို့ ပါဝင်မည် ဖြစ်သည်။ ထို့အပြင် ခေတ်မီ CCTV ကင်မရာများ၊ အလိုအလျောက် အဖွင့်အပိတ် စနစ်သုံး မှန်တံခါးမကြီး များလည်း တပ်ဆင် ထားရှိမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လှည်းတန်း စင်တာကြီးတွင် ရှိသော အခန်း နေရာများကို ဝယ်ယူ/ ငှားရမ်းလိုလျှင် ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော် မြို့နယ် ဗဟိုရ်စည် အိမ်ရာဝင်း အတွင်းရှိ အေးရှားဝေါ ရုံးချုပ်သို့ သွားရောက် စုံစမ်း နိုင်ကြောင်း သိရသည်။

0 comments:
Post a Comment