ယာဉ်စီးရေ ၁၂၉ စီး CNG ရရှိရေး အတွက် မထသ (ဗဟို) မှ MOGE သို့ တင်ပြထားရာ MOGE မှ ယာဉ်စီးရေ ၁၂၈ စီးကို ခွင့်ပြုချက် ချထား ပေးခဲ့ကြောင်း သိရသည်။ CNG ရရှိသော ယာဉ်စီးရေ ၁၂၈ စီးကို ယာဉ်လိုင်းများအား အားဖြည့် ပြေးဆွဲရန် ချထားပေးပြီး မကြာမီ အချိန်အတွင်း ပြေးဆွဲပေး သွား တော့မည် ဖြစ်ကြောင်း သိရသည်။
အားဖြည့် ပြေးဆွဲရန် ချထားပေးသည့် ယာဉ်လိုင်းများမှာ ယုဇန အိမ်ရာ- မော်တင် ၅၇ ယာဉ်လိုင်းတွင် သုံးစီး၊ အောင်မင်္ဂလာ အဝေးပြေးကွင်း- ဗိုလ်တထောင် ၄၃ ယာဉ်လိုင်းတွင် တစ်စီး၊ တောင်ဒဂုံ (၇၀) ရပ်ကွက်-မြယာကုန်း ၄၀ ယာဉ်လိုင်းတွင် တစ်စီး၊ အရှေ့ပိုင်း တက္ကသိုလ်-သခင်မြပန်းခြံ ၂၄၉ ယာဉ်လိုင်းတွင် နှစ်စီး၊ နည်းပညာ တက္ကသိုလ် (သန်လျင်)-သခင်မြ ပန်းခြံနှင့် တာမွေ- နည်းပညာ တက္ကသိုလ် (သန်လျင်) ၂၅၈ ယာဉ်လိုင်းတွင် အစီးရေ ၂၀၊ သုံးခွ-ရန်ကုန် (အေဘီစီ) ယာဉ်လိုင်းတွင် နှစ်စီး၊ အနောက်ပိုင်း နည်းပညာ တက္ကသိုလ်- အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် ၁၂၄ ယာဉ်လိုင်းတွင် ၂၄ စီး၊ သန်လျင်-သခင်မြ ပန်းခြံ သီဟဒီပ ယာဉ်လိုင်းတွင် တစ်စီး၊ မြောက်ဥက္ကလာပ ကျုံးကြီး ၁၄၂ ယာဉ်လိုင်းတွင် ၁၅ စီး၊ ဒဂုံ-ကျုံးကြီး ၇၄ ယာဉ်လိုင်းတွင် ၁၀ စီး၊ ကျောက်တန်း- သခင်မြ ပန်းခြံ ပြည့်မဏ္ဍိုင် ယာဉ်လိုင်းတွင် ငါးစီး၊ မြောက်ဒဂုံ- မြယာကုန်း ၆၇ ယာဉ်လိုင်းတွင် နှစ်စီး၊ ကျောက်တန်း အလုပ်သမား ဆေးရုံ- မှော်ဝန်းသာ ယာဉ်လိုင်းတွင် သုံးစီး၊ သန်လျင်- သီရိ မင်္ဂလာဈေး ဒီပ ယာဉ်လိုင်းတွင် ငါးစီး၊ မြောက်ဥက္ကလာပ- ဆူးလေ ၆၈ ယာဉ်လိုင်းတွင် သုံးစီး၊ သန်လျင်-ကုန်ဈေးတန်း ရွှေမြန်မာ ယာဉ်လိုင်းတွင် ငါးစီး၊ ဥက္ကံ-ဆူးလေ ယာဉ်လိုင်းတွင် ခြောက်စီး၊ သုံးခွ- ရန်ကုန် သီဟရာဇာ ယာဉ်လိုင်းတွင် နှစ်စီး၊ ဒဂုံဆိပ်ကမ်း- တာမွေ (အာသောက)နှင့် လှိုင်သာယာ- မင်္ဂလာဒုံ ကန္တာရ၀တီ ယာဉ်လိုင်းတွင် ၁၀ စီး၊ လှိုင်သာယာ- စံပြဈေးနှင့် လှိုင်သာယာ- ဆင်မင်းဈေး ရွှေမြင်းပျံ ၁၂၉ ယာဉ်လိုင်းတွင် ရှစ်စီး ပြေးဆွဲရန် မထသ (ဗဟို) မှ ခွဲဝေချထား ပေးခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:
Post a Comment