Saturday, May 18, 2013

ပထမဆုံး Panasonic စမတ်ဖုန်း ထွက်ရှိ

အီလက်ထရောနစ်ပစ္စည်းများကို အစဉ်တစိုက်ထုတ်လုပ်လေ့ရှိတဲ့ Panasonic ကုမ္ပဏီမှ Panasonic P51 ဟု အမည်ပေးထားသည့် ပထမဆုံး စမတ်ဖုန်းကို မိတ်ဆက်ပြသလိုက်ပါပြီ။ Panasonic P51 က ၅ လက်မ အရွယ်အစားရှိပြီး 1280 x 720 pixels စွမ်းရည်ရှိသည်။

အထင်ရှားဆုံးအချက်မှာ 1 GB RAM နှင့် Quad-core Processor ကို အသုံးပြုထားခြင်းဖြစ်သည်။ OS ကလည်း Android ရဲ့ နောက်ဆုံးထုတ် 4.2 Jelly Bean ကို အသုံးပြုပေးထားသည်။ ဈေးနှုန်းက US $ 517 ဝန်းကျင်ခန့်ရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြပေးထားသည်။


Smart Journal

0 comments:

Post a Comment