Saturday, May 18, 2013

ရွှေဈေး ကျပ်ခုနှစ်သိန်းအောက်ရောက်

မန္တလေး ရွှေဈေးကွက်မှာ ရွှေဈေးနှုန်းဟာ အရင်နှစ်ရက်နဲ့ နှိုင်းယှဉ်ရင် ကျပ်တစ်သောင်းဝန်းကျင် ကျဆင်းလာကာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်ခုနှစ်သိန်းအောက်ဖြစ်လာတယ်လို့ ရွှေကုန်သည် အချို့ထံက သိရပါတယ်။
မေလ ၁၆ ရက်က အခေါက်ရွှေတစ်ကျပ်သား(အမြင့်ဆုံး) ၇၀၉၈၀၀ ကျပ်၊ မေလ ၁၇ ရက်က ၇၀၆၅၀၀ ကျပ်၊ ရှိရာကနေ မေလ ၁၈ ရက် နေ့လည် ၁နာရီမှာတော့ ကျပ် ၆၉၈၄၀၀ ဖြစ်လာပါတယ်။ “ကမ္ဘာရွှေဈေးကျလာလို့ မြန်မာ့ရွှေဈေး လိုက်ကျတာ၊ လောလောဆယ် ကမ္ဘာဈေးက မှန်းရခက်နေတယ်”လို့ အောင်သမာဓိ ရွှေဆိုင်မှ ဦးမော် ကပြောပါတယ်။
ကမ္ဘာရွှေဈေးက မေလ ၁၇(သောကြာနေ့) ရက်က တစ်အောင်စ ကို အမေရိကန်ဒေါ်လာ ၁၃၉၃ ထိ အမြင့်ဆုံးရောက်ခဲ့ပြီး ၁၃၃၉ အမေရိကန်ဒေါ်လာနဲ့ဈေးပိတ်ခဲ့တယ်လို့ဆိုပါတယ်။
မြန်မာ့ရွှေဈေးကျဆင်းနေတာကြောင့် ရွှေဈေးကွက်မှာ ရွှေဝယ်ယူသူများနေတယ်လို့ ရွှေကုန်သည်အချို့ကပြောပါတယ်။

0 comments:

Post a Comment