Monday, May 6, 2013

ဘိုနာမည်တပ် စာစောင်တို့ကို ခလုတ်တိုက်မိခြင်း

Monday, May 6, 2013



သိပ်မကြာသေးခင်က ရန်ကုန်က ကုန်တိုက်တခုမှာ မဂ္ဂဇင်း/ဂျာနယ်တွေ ခင်းထားတာ ကြည့်လိုက်တော့ နာမည်တွေက အင်္ဂလိပ်နာမည် အများစု ဖြစ်နေတာ တွေ့ပါတယ်။
မဂ္ဂဇင်းတွေကတော့ ကွာလတီမဂ္ဂဇင်းတွေပါ။ စက္ကူအရည်အသွေးမြင့်တဲ့ မဂ္ဂဇင်းတွေပါ။

နာမည်တွေအများစုက ပုံမှာ တွေ့ရတဲ့အတိုင်း အင်္ဂလိပ်လို ပေးထားကြပါတယ်။
Hello Madam, Hair & Style, Image, Idea, MODA, Beauty, People စသဖြင့် စသဖြင့်။


ကလျာ၊ အပျိုစင်၊ မြင်ကွင်း တို့ကလည်း မူရင်း မြန်မာစာလုံးအပြင် အင်္ဂလိပ်စာလုံးကြီးကြီးနဲ့ မျက်နှာဖုံးကို ပုံးဖာမှောက်ဆင်ထားကြတာပါ။

မြန်မာစာဖတ်ပရိသတ်အတွက် ဆိုတော့ အတွင်းပိုင်းမှာတော့ မြန်မာလိုပဲ ပုံနှိပ်ကြပါတယ်။
မဂ္ဂဇင်း အမည်နဲ့ အပြင်အဆင်ကိုပဲ နိုင်ငံတကာထုတ် ကြွေစက္ကူစာစောင်တွေနဲ့တူအောင် လုပ်ထားတာပါ။


ဂျာနယ်အများအပြားကလည်း အင်္ဂလိပ်စာလုံးတွေနဲ့ပါပဲ။

ဘိုစာလုံးတွေနဲ့ဆိုတော့ ပိုပြီး ရောင်းပန်းလှပုံရပါတယ်။

ဈေးကွက်ထဲမှာ ပိုပြီး ဆွဲဆောင်မှုရှိမယ် ဆိုတဲ့ အယူအဆကြောင့် အင်္ဂလိပ်စာလုံးတွေကို အထင်းသားဖြစ်အောင် ဒီဇိုင်းဆင်ထားတာ ဖြစ်နိုင်ပါတယ်။

နောင် အလျဉ်းသင့်မှပဲ ဘယ်စာစောင်တွေ ဘယ်ဈေးပေါက်တယ်၊ စောင်ရေ ဘယ်လောက်ကုန်ကြတယ် ဆိုတဲ့ ခန့်မှန်းချေတွေကို စုံစမ်း တင်ပြပေးပါမယ်။

ရန်ကုန်မှာလည်း နိုင်ငံတကာက ကုန်တိုက်တွေမှာလိုပဲ စာစောင်တွေကို ငွေရှင်းဖို့ တန်းစီကြတဲ့နေရာမှာ ခင်းကျင်းထားတဲ့အတွက် ဈေးဝယ်ထွက်သူတွေ အလွယ်တကူ ကောက်ယူ၊ ဈေးခြင်းထဲထည့်ကြ ဝယ်ကြဖွယ် ရှိပါတယ်။

နောင် ထွက်ပေါ်လာမယ့် စာစောင် အများအပြား ဘိုနာမည်နဲ့ ထွက်လာကြမယ်လို့ ယူဆပါတယ်။

Ref:ဧရာဝတီ

0 comments:

Post a Comment