၃-၅-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပင့်သာကြီးရွာနေ ဦးထွန်းလှိုင်(၄၅)နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း ရေတွင်းတူးရာမှ အနက် ၃ ပေခန့်သို့အရောက်တွင် ကျောက်ဖျာအားတွေ့ရှိရပြီး ဆက်လက်တူးဖော်ရာ ကျောက်ဖျာအောက်မှ ကြေးကျောင်းဆောင်ပုံသဏ္ဍာန်နှင့် ကြေးဘုရားဆင်းတုတော် ၁၇ ဆူ၊ အလျား ၉လက်မ၊ အနံ ၆ လက်မ၊ အမြင့် ၃ လက်မခွဲခန့် အလေးချိန် ၁ ပိဿာခန့်ရှိ ကျောက်ဖြစ်ရုပ်ကြွင်း ၁ ခု၊ ကြေးစေတီဌာပနာအတွင်းမှ ရွှေဟုယူဆရသော ပုတီးစေ့ ၆၀ လုံး၊ လက်စွပ် ၂ ကွင်း၊ ဓါတ်ပြာထည့်ထားသည့် ငွေစေတီ ၁ ဆူတို့အား တွေ့ရှိခဲ့သည်။
ထို့ပြင် ၄-၅-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန်တွင် ဆက်လက်တူးဖော်ရာ ကြေးဆင်းတုတော် ၄၄ ဆူ၊ ၆ လက်မခန့်ရှိ ငွေစေတီ ၂ ဆူ၊ အရှည် ၃ လက်မခန့်ရှိ ဆံထိုးဟုယူဆရသော ကျောက်အနီနှင့်အပြာပါ ပစ္စည်း ၁ ခုတို့အား ထပ်မံတွေ့ခဲ့ပြီး အဆိုပါပစ္စည်းများအား ဦးထွန်းလှိုင်၏ နေအိမ်၌အပူဇော်ခံထားရှိ၍ ပင့်သာကြီးရွာကျောင်းထိုင်ဆရာတော် ဥူးအဂ္ဂ၀ံသနှင့် သံဃာတော် ၁၀ ပါး၊ ပင့်သာရွာရာအိမ်မှူး ဦးအောင်ချိုနှင့် ရပ်မိရပ်ဖများမှ ကြီးကြပ်စောင့်ရှောက်လျက်ရှိကြောင်း သတင်းရရှိသည်။
Monday, May 6, 2013
ရေတွင်းတူးရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment