Saturday, May 18, 2013

မြောက်ဇာမရီ ဆင်ထိန်းသိမ်းရေး သဘာဝနယ်မြေ အတွင်းသို့ တောဆင်ရိုင်းများ ပြန်လည် ကျက်စားရေး ဆောင်ရွက်လျက်ရှိ

မြန်မာ နိုင်ငံသည် တောဆင်ရိုင်း ထိန်းသိမ်းရေး လုပ်ငန်းများကို အထူး အလေးထား ဆောင်ရွက်လျက် ရှိရာ တောဆင်ရိုင်း ကောင်ရေ တိုးပွားရေး အတွက် သစ်တောဦးစီး ဌာနသည် တောဆင် ရိုင်း
ထိန်းသိမ်း ရေး သဘာဝ နယ်မြေများ တည်ထောင်လျက် ရှိသည်။ လက်ရှိ အချိန်၌ မြန်မာ နိုင်ငံတွင် ဆင်ထိန်းသိမ်း ရေး သဘာဝ နယ်မြေ လေးခု တည်ထောင်ပြီး ဖြစ်သည်။ ၎င်းတို့အနက် ပဲခူး တိုင်း ဒေသကြီး အတွင်းရှိ မြောက်ဇာမရီ ဆင်ထိန်းသိမ်းရေး သဘာဝ နယ်မြေသည် ၂၄၂၉၃၈ ဒသမ ၄၈ ဧက (၃၇၉ ဒသမ ၅၉) စတုရန်းမိုင် ကျယ်ဝန်းသည်။

၎င်း ဆင်ထိန်းသိမ်းရေး သဘာဝ နယ်မြေ အတွင်း၌ တောဆင်ရိုင်းများ အနှောင့်အယှက် ကင်းစွာ နေထိုင် ကျက်စားပြီး မျိုးပွားနှုန်း တိုးတက် လာစေရန်နှင့် နေရင်းဒေသ ပြင်ပရှိ တောဆင်ရိုင်း များ အား မူလ ကျက် စားရာ မြောက်ဇာမရီ ဆင်ထိန်းသိမ်းရေး သဘာဝ နယ်မြေအတွင်း ပြန်လည် ရောက်ရှိစေရန် တောဆင်ရိုင်း များ ပြန်လည် မောင်းသွင်းရေး လုပ်ငန်းကို သစ်တောဦးစီး ဌာနနှ င့် မြန်မာ့ သစ်လုပ်ငန်း အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်

0 comments:

Post a Comment