Monday, May 20, 2013

ပါဂျဲရိုးနောက် အ၀ယ်လိုက်လာသည့် ကလူဂါ

ရန်ကုန်တိုင်းဒေသကြီး ကားဈေးကွက်အတွင်း ဂျပန်နိုင်ငံ၊ Toyota ကုမ္ပဏီထုတ် ကျပ်သိန်း ၂၅၀ မှ သိန်း ၄၀၀ ၀န်းကျင်ရှိ ကလူဂါ (KLUGER)ကားများမှာ အရောင်းဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ကားရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများထံက သိရှိရသည်။

" ပါဂျဲရိုးက အခုချိန်အထိလည်း ရောင်းအားရှိနေဆဲဆိုပေမဲ့ အခုနောက်ပိုင်းဆို ၀ယ်လက် တွေ က Toyota ကုမ္ပဏီထုတ် KLUGER လိုမျိုး ကားအဆန်းတွေ မေးဝယ်လာကြတယ်။ ပါဝါ အင်ဂျင်တော့ ကွာတာပေါ့။"ဟု YOYARLAY ကားအရောင်းစင်တာမှ မန်နေဂျာကပြောသည်။

အဆိုပါ ကားသည်ဂျပန်နိုင်ငံ၊ Mitsubishi ကုမ္ပဏီထုတ် Pajero ကားများထက် ဈေးနှုန်း သက်သာ ခြင်း၊ ဆီစားသက်သာခြင်းနှင့် ကားအတွင်းပိုင်း ကျယ်ပြန့်ကြောင်း ၄င်းက ဆက်ပြောသည်။

KLUGERကားနှင့် PAJERO ကားသည် ဒီဇိုင်း အနည်းငယ်သာကွဲပြားပြီး လက်ရှိတွင် KLUGER ကား များ အရောင်းဝယ်ဖြစ်ပေါ်မှုနှင့် မေးမြန်းမှုမြင့်တက်လာခဲ့ကြောင်း ကားလုပ်ငန်းရှင်များက ပြောဆို သည်။

“KLUGERကို ပိုကြိုက်တယ် Engine Capacity 2400 CC ဆိုတော့ဆီစားလည်းသက်သာတယ်၊ Pajero ကားဆိုရင် Engine Capacity 3200 CC ဆိုအများကြီးကွာတယ်လေ၊ ကားရဲ့ အပြင်ပိုင်း ကောက်ကြောင်းတွေကလည်း KLUGER က ပိုလှတယ်” ဟု သင်္ကန်းကျွန်းမြို့နယ် Car Show Room မန်နေဂျာ ကိုမင်းထက်ကိုမှ ပြောသည်။

၂၀၁၃ ခုနှစ် မေလပိုင်းအတွင်း မော်ဒယ်မြင့် ကားများမှာ အရောင်းဝယ်ကျဆင်းခဲ့ပြီး ကျပ်သိန်း ၁၆၀ နှင့် ကျပ်သိန်း ၂၀၀ ၀န်းကျင် Saloon ကားများ ရောင်းအ၀ယ်မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment