တောင်ကိုရီးယား အဆိုတော် ဆိုတေးဂျီသည် ၄င်းထက် ၁၇ နှစ်နီးပါးငယ်သည့် မင်းသမီး ချောလီအန်ဆောင်နှင့် စေ့စပ်လိုက်ပြီ ဖြစ်ကြောင်းမေ ၁၅ ရက်က ကြေညာခဲ့သည်။
ဆိုတေးဂျီသည် အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်ပြီး လီအန်ဆောင်မှာမူ အသက် ၂၄ နှစ်သာ ရှိသည်။ ဆိုနှင့်လီတို့ နှစ်ဦးသည် ဆို၏ တေးသီချင်း တစ်ပုဒ်၌ အတူ သရုပ်ဆောင်စဉ် ၂ဝဝ၈ ခုနှစ်က စတင်တွေ့ဆုံ ခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ၂ဝဝ၉ ခုနှစ်က ချစ်သူအဖြစ် လက်တွဲခဲ့ကြပြီးနောက် လက်ရှိတွင် ဆိုးလ်မြို့ ပြောင်ချမ်းတုန် ရပ်ကွက်ရှိ လီ၏အိမ်အသစ်တွင် လီ၏မိဘများနှင့်အတူ နေထိုင် လျက်ရှိကြောင်း သိရသည်။
Monday, May 20, 2013
မိမိထက် အသက် ၁၇ နှစ်ငယ်သည့် မင်းသမီး လီအန်ဆောင်နှင့် စေ့စပ်ခဲ့သည့် အဆိုတော် ဆိုတေးဂျီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment