Thursday, May 23, 2013

၂ဝ၁၃ ခုနှစ် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူခြင်း ပြန်လည်သုံးသပ် ဆွေးနွေးပွဲ ကျင်းပ



၂ဝ၁၃ ခုနှစ် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူခြင်း ပြန်လည်သုံးသပ် ဆွေးနွေးပွဲ ကျင်းပ


လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ (UNFPA)တို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီခွဲတွင် ၂ဝ၁၃ ခုနှစ် စမ်းသပ် သန်းခေါင်စာရင်း ကောက် ယူခြင်း

ဆိုင်ရာ ပြန်လည်သုံးသပ် ဆွေးနွေးပွဲကို နေပြည်တော်ရှိ မြတ်တော်ဝင် ဟိုတယ်၌ ကျင်းပရာ ဗဟို သန်းခေါင်စာ ရင်း ကော်မရှင် အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဝင်းမြင့်က နိုင်ငံတော်၏ စီမံကိန်း များ ရေးဆွဲ ချမှတ်ရာ တွင် တိကျသော လူဦးရေ ကိန်းဂဏန်း အချက်အလက်များ ရရှိရေးသည် အလွန် အရေးကြီးကြောင်း၊ ထို့ ကြောင့် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း အကြို အဖြစ် ၂ဝ၁၃ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ စမ်းသပ် သန်းခေါင်စာရင်းကို မြို့နယ် ၂ဝ ရွေးချယ်၍ စမ်းသပ် ကောက်ယူခဲ့ပါကြောင်း၊ ထို့ကြောင့် ကောက်ယူမှု တွေ့ရှိချက်များကို အပြု သဘောဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေ လိုပါ ကြောင်း၊ ယင်းဆွေးနွေးချက် အကြုံပြုချက် များကို အခြေခံ၍ ၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက် အထိ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်း အောင်မြင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက် သွားကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် UNFPA မှ ယာယီ တာဝန်ခံ Mr. Rogelio Fernandez- Castilla က သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း ပြည်လုံးကျွတ် အဆင့်၌ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် UNFPA မှ ပံ့ပိုး ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် သန်းခေါင်စာရင်း ဆိုင်ရာ ပညာရှင်များက စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူခဲ့မှုနှင့် တွေ့ရှိချက်များ၊ လုပ်ငန်း လိုအပ်ချက်များကို အကြံပြု ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိ သည်။

0 comments:

Post a Comment