Thursday, May 16, 2013

ပြည်မြို့မှ ဆရာတော်တပါး ဓားထိုးလုယက်ခံရ

Thursday, May 16, 2013

ယမန်နေ့ နေ့လယ်ပိုင်းတွင် လူငယ်တဦးက ဓားနှင့်ထိုးသဖြင့် ပြည်မြို့ ပွင့်လှသင်ကုန်းရပ် ပုညရှင်ဓမ္မစေတီကျောင်း ဆရာတော်ဦးသောဘိတ ဒဏ်ရာရသွားကြောင်း မြို့မရဲစခန်းမှ ဒုရဲအုပ်ကိုကိုအောင်က ပြောသည်။

သက်တော်(၈၂)နှစ် ၀ါတော်(၅၆)ဝါရှိ ဦးသောဘိတသည် ဘယ်ဘက်လက်၊ ဝမ်းဗိုက်၊ ကျောကုန်း၊ ညာဘက်ပခုံး၊ ညာဘက်ပါးပြင်တို့တွင် ဓားထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူလျက်ရှိသည်။

တရားခံဟုယူဆရသော ကိုရဲဝင်း(ခ)ရဲနောင် ဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း မြို့မရဲစခန်းက ပြောသည်။

ထိုလူငယ်က ငွေကြေးရယူလိုသဖြင့် ဆရာတော်ထံ သွားရောက် လုယူခဲ့ကြောင်း၊ ဆရာတော်၏ လက်ကိုင်ဖုန်းကို လုယူသွားကြောင်း သိရသည်။

သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

0 comments:

Post a Comment