မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ
သတင်းများ
Updated
မေလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီ ၄၀ မိနစ်
မောင်တောမြို့၏ လက်ရှိအခြေအနေမှာ မိုးရွာသွန်းမှုအချို့သာ ရှိနေပြီး ထူးခြားဖြစ်စဉ် မရှိသေးကြောင်း မောင်တောမြို့ရှိ Eleven Media Group သတင်းထောက်က သတင်းပေးပို့ခဲ့သည်။ လေတိုက်နှုန်းမှာ တစ်နာရီ ၂၅ မိုင်နှုန်းရှိပြီး မိုးရေချိန်မှာ ၁ ဒသမ ၇၅ လက်မရှိကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနှင့် စစ်တကောင်း ကမ်းခြေများတွင် တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် လေတိုက်ခတ်နေကြောင်း သိရသည်။
မောင်တောမြို့တွင် ဈေးဆိုင်များ ပိတ်ထားပြီး မုန်တိုင်း ၀င်ရောက်လာသည်နှင့် ကယ်ဆယ်ရေး များ ပြုလုပ်နိုင်ရန် ဘေးဒုက္ခ ကယ်ဆယ်ရေးအဖွဲ့က အသင့်ပြင်ထားကြောင်း သိရသည်။ မဟာစင်မုန်တိုင်းသည် နောက်ထပ် ၁၂ နာရီ ၀န်းကျင်၌ စစ်တကောင်းနှင့် မောင်တောမြို့အကြား ကမ်းခြေသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း ခန့်မှန်းထားပါသည်။
EMG
Thursday, May 16, 2013
မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment