ဗီယက်နမ်ကလပ် ဒါနမ်အသင်းသည် AFC Cup အုပ်စု(G) အုပ်စု လေးပွဲကစားပြီးချိန်တွင် နှစ်ပွဲနိုင်၊ နှစ်ပွဲ ရှုံး ရမှတ် ၆ မှတ်ဖြင့် အုပ်စုအဆင့်မှ နောက်တစ်ဆင့်တို့ တက်ရောက်နိုင်ရန် ဧရာဝတီအသင်းထက် ပိုမိုအခွင့်အရေး ကောင်းနေသည်။ ထို့ပြင် ဒါနမ်အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ တွင် ဧရာဝတီအသင်းအား အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။ နည်းပြ လီဟူနွမ်က // ဧရာဝတီအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နိုင်ပွဲ တစ်ပွဲ ရရှိထားလို့ အုပ်စုနောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ရှိသွားပါပြီ။ ဒါနမ်အသင်း ကလည်း နောက်တစ်ဆင့် တက်နိုင်ဖို့ အမှတ်လိုနေသလို ဧရာဝတီအသင်းကလည်း ကြိုးစားမှာဖြစ်လို့ မနက်ဖြန်ပွဲက အရမ်းကို ခက်ခဲမယ့် ပွဲတစ်ပွဲဖြစ်မှာပါ။ မနက်ဖြန်ပွဲမှာ ရလဒ်ကောင်း ရရှိခဲ့မယ်ဆိုရင် နောက်တစ်ဆင့် တက်ရောက် နိုင်ဖို့ မျှော်လင့်ချက်ရှိသွားပါပြီ // ပြောကြားခဲ့သည်။
ဧပြီ ၂၃ ရက် သုဝဏ္ဏကွင်း၌ ကစားမည့် ဧရာဝတီအသင်းနှင့်ပွဲတွင် ဒါနမ်အသင်း၏ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်သည့် အာဂျင်တီးနားနိုင်ငံသား မာလိုမှာ ပြည်တွင်းလိဂ်နောက်ဆုံးပွဲတွင် ဒဏ်ရာရရှိခဲ့ သဖြင့် မြန်မာနိုင်ငံ သို့ လိုက်ပါမလာနိုင်သဖြင့် ဧရာဝတီ အသင်းနှင့်ပွဲအား လွဲချော်မည်ဟု သိရသည်။ ဧရာဝတီအသင်းနှင့် ကစားမည့်ပွဲတွင် ဒါနမ်အသင်းမှ ဗီယက်နမ် လက်ရွေးစင် ကစားသမားသုံးဦး၊ ရိုမေးနီးယားနောက်ခံလူ တစ်ဦး၊ တန်ဇန်နီးယားတိုက်စစ်မှူး တစ်ဦးပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဒါနမ်အသင်းသည် ပြီးခဲ့သည့် 2010 AF Cup ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ်သည်။
0 comments:
Post a Comment