Wednesday, April 24, 2013

ဒါနမ်အသင်းနှင့်ပွဲတွင် ကစားသမားများ အပြည့်အ၀အားထုတ်ရန် ဧရာဝတီနည်းပြ မျှော်လင့်

ဧရာဝတီ ယူနိုက်တက် အသင်းနည်းပြ မာဂျန်က ဗီယက်နမ်ကလပ် ဒါနမ်အသင်းနှင့် ကစားရမည့် AFC Cup ပွဲတွင် အသင်းရှိ ကစားသမားများ အနေဖြင့် စွမ်းဆောင်ရည် အပြည့်အ၀ အားထုတ်ရန် မျှော်လင့် လျက်ရှိကြောင်း ပြိုင်ပွဲမတိုင်မီ ပွဲကြို သတင်းစာရှင်းလင်းပွဲ၌ ဖွင့်ဟ သွားခဲ့သည်။
2013 AFC Cup အုပ်စု(G) တွင် ပါဝင်လျက် ရှိသည့် ဧရာဝတီ ယူနိုက်တက် အသင်းသည် လာမည့် ဧပြီ ၂၃ ရက် သုဝဏ္ဏကွင်း၌ ဗီယက်နမ် ကလပ် ဒါနမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဧရာဝတီအသင်းသည် အုပ်စု လေးပွဲကစားပြီးချိန်တွင် နိုင်ပွဲ တစ်ပွဲသာ ရရှိထားပြီး သုံးပွဲ ရှုံးနိမ့်ထားသဖြင့် ဒါနမ်အသင်းအား အနိုင်ရရှိမှသာ အုပ်စုနောက်တစ်ဆင့် တက်ရောက်ရေး အတွက် မျှော်လင့်ချက်ရှိမည်ဖြစ်သည်။ ဧရာဝတီနည်းပြ မာဂျန်က // နှစ်သင်းစလုံးက အနိုင်သုံးမှတ် လိုနေတာ ဖြစ်လို့ မနက်ဖြန်ပွဲမှာ နှစ်သင်းစလုံး ကြိုးစားကစားကြမှာ သေချာပါပဲ။ ကံကောင်းတဲ့အသင်းက အနိုင်ရရှိမှာပါ။ အဲဒီကံကောင်းတဲ့အသင်းက ဧရာဝတီ အသ င်းဖြစ်မယ်လို့လည်း ယုံကြည်ပါ တယ်။ ဒါနမ်နဲ့ပွဲမှာ ကစားသမားတွေအားလုံး စွမ်းဆောင်ရည်အပြည့်အ၀ ပေးနိုင်မယ်လို့ ထင်ပါတယ် // ဟု ပြော ကြားခဲ့သည်။ ဧရာဝတီ အသင်းသည် ဒါနမ်အသင်းနှင့် ပထမအကျော့ အဝေးကွင်းပွဲစဉ်တွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

0 comments:

Post a Comment