Tuesday, February 14, 2017

သီရိလင်္ကာက မြန်မာဆီနိုင်ငံကနေ ဆန် မက်ထရစ်တန်ချိန်ပေါင်း ၅၀,၀၀၀ မှာယူတင်သွင်းမည်

Image may contain: 1 person, standing and outdoor
လာမယ့် ဇွန်လမတိုင်ခင် မြန်မာနိုင်ငံထွက် ဆန်တန်ချိန် မက်ထရစ်တန် ၅၀,၀၀၀ ၀ယ်ယူတင်သွင်းဖို့အရေး သီရိလင်္ကာနဲ့မြန်မာတာဝန်ရှိသူတွေအကြား သဘောတူညီမှုရခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

သီရိလင်္ကာနိုင်ငံဆီ ဆန်တင်ပို့ဖို့အတွက် ကုမ္ပဏီငါးခုကိုလည်းရွေးချယ် စာချုပ်ချုပ်ဆိုထားပြီးဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF က ထုတ်ပြန်ပြောကြားကြောင်းလည်းယင်းသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ စီးပွားရေးနဲ့ ကူးသန်းရေးဝန်ကြီး ဒေါက်တာသန်းမြင့်ဟာ သီရိလင်္ကာသံအမတ်ကြီး KWND Karunaratne ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီးတော့ ယခုလို ဆန်တင်ပို့ရောင်းချဖို့ သဘောတူညီချက် နားလည်မှုစာချွန်လွှာတစ်ရပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

တာဝန်ရှိသူတစ်ဦးရဲအဆိုအရဆိုရင် MRF ဟာ သီရိလင်္ကာဆီ ဆန်တင်ပို့ဖို့အတွက် ကုမ္ပဏီတွေကို တင်ဒါတင်သွင်းခိုင်းခဲ့ပြီး ကုမ္ပဏီဆယ်ခုအနက် ငါးခုကို အပြီးသတ်ရွေးချယ်ခဲ့တယ်လို့လည်းသိရပါတယ်။

သီရိလင်္ကာရဲ့ ဆန်ထုတ်လုပ်မှုနှုန်းဟာ ယမန်နှစ် မိုးခေါင်ရေရှားမှုနောက်ပိုင်း တန်ချိန် ၂၀၀,၀၀၀ လောက်ထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ အလားတူ ယင်းနိုင်ငံအနေနဲ့ ယခုအခါမှာ ဆန်ဈေးနှုန်းတွေ မြင့်တက်နေတာကို လျှော့ချဖို့ ကြိုးစားနေရတယ်လို့လည်း သိရပါတယ်။

Credit To >>> SFJ Strategy First Journal



0 comments:

Post a Comment