Saturday, May 21, 2016

ဒေါ်လာ ၂၈၂ ဒသမ ၃ သန်း အရှုံးပေါ်ထားခဲ့ပြီး၊Model 3ကားထုတ်လုပ်ဖို့ အတွက်ေငွလိုအပ်မှုကြောင့် Telsa Motors က ရှယ်ယာတွေ ထုတ်ရောင်း


အသစ်ထုတ်လုပ်တော့မယ့် Model 3 လျှပ်စစ် ဆီဒင်ကားသစ် ထုတ်
လုပ်မှုပိုင်းမှာ အရှိန်မြင့်လုပ်ဆောင်နိုင်ဖို့အတွက် အမေရိကန် လျှပ်
စစ်ကားထုတ်လုပ်သူကုမ္မဏီ Telsa Motors Inc က ဒေါ်လာ ၁ ဒသမ ၇
ဘီလီယံထိ ရှိနိုင်မယ့် ကုမ္ပဏီရဲ့ သာမန် မတည်စတော့ရှယ်ယာတွေကို
ထုတ်ရောင်းသွားဖို့ စီစဉ်နေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြ
ထားပါတယ်။
မေလ ၁၈ ရက်က ယခုလို ကုမ္မဏီရဲ့ စတော့ ထုတ်ရောင်းမယ်ဆိုတဲ့
ကြေညာချက်ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာ Tesla ရဲ့ ရှယ်ယာတန်ဖိုးတွေ
ဟာလည်း ၂ ဒသမ ၂ ရာခိုင်နှုန်း ထိ ကျဆင်းသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ လုပ်ငန်းလည်ပတ်စရိတ်စကပိုင်းမှာ ဆုံးရှုံးမှုတွေ
ဖြစ်ပေါ်ထားခဲ့တဲ့ Telsa ကုမ္ပဏီဟာ ယခုဆိုရင်တော့ ရှယ်ယာတစ်စုကို
ဒေါ်လာ ၂၀၄ ဒသမ ၆၆ နဲ့ အစုပေါင်း ၈ ဒသမ ၂ သန်း ကျော်ထိ
ရောင်းချသွားမယ်လို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့လထဲမှာတော့ Telsa ရဲ့ စီအီးအို Elon Musk က အသစ်ထုတ်
လုပ်မယ့် Model 3 ကားသစ်အတွက် ကြိုတင်မှာယူမှုပေါင်း ၃၇၃,၀၀၀
ထိ ရရှိထားပြီးဖြစ်လို့ ၎င်းအနေနဲ့ ထုတ်လုပ်မှု စရိတ်တွေ ထပ်မံရှာဖွေဖို့
လိုလာပြီဆိုပြီး ပြောကြားထားခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ သတ်မှတ်
ထားတဲ့ကာလထက် နှစ်နှစ်စောပြီး ၂၀၁၈ မှာ တစ်နှစ်ကို ကားစီးရေ ၅၀၀,၀၀၀ တပ်ဆင်တည်ဆောက်ဖို့ လုပ်ဆောင်တော့မှာဆိုပြီး ၎င်းက
ပြောကြားထားပါတယ်။
ယခုလိုမျိုး Telsa ရဲ့ အစုရှယ်ယာတွေ ထုတ်ရောင်းဖို့ စီစဉ်လာသလိုပဲ
စီအီးအို Musk ပိုင်ဆိုင်တဲ့ ၂ ဒသမ ၈ သန်းနီးပါးရှိတဲ့ ရှယ်ယာတွေကို
ထုတ်ရောင်းသွားဖို့ရှိပြီးတော့ ယင်းဟာ လက်ရှိပေါက်ဈေးအရ ဒေါ်လာ
သန်း ၆၀၀ လောက်တန်ကြေးရှိမယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ Model 3 ကို ထုတ်လုပ်ဖို့ လိုအပ်မယ့် စက်ရုံတွေ၊
ကားအစိတ်အပိုင်းပစ္စည်းတွေ တပ်ဆင်ထုတ်လုပ်မှုပိုင်းအတွက်
ရင်းနှီးအသုံးစရိတ် ကန်ဒေါ်လာ ၂ ဒသမ ၂၅ ဘီလီယံလောက်ထိ
ကုမ္ပဏီက စိုက်ထူရလိမ့်မယ်ဆိုပြီး Musk က ခန့်မှန်းထားပါတယ်။
အမေရိကန် ကားကုမ္ပဏီဟာဆိုရင် ပြီးခဲ့တဲ့ ပထမသုံးလပတ်က ဒေါ်လာ ၂၈၂ ဒသမ ၃ သန်း အရှုံးပေါ်ထားခဲ့တယ်လို့ သိရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment