မြန်မာ့ကုန်သွယ်မှုကန်ဒေါ်လာ ၂၃ ဘီလီယံကျော်လွန်လာပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက် အနည်းငယ်မြင့်တက်လျှက်ရှိတယ်လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရတာပါ။
အစိုးရအပြောင်းအလဲနဲ့ မူဝါဒအလှည့်အပြောင်းတွေ၊ ငွေလဲနှုန်း မတည်ငြိမ်မှုတွေကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ကုန်သွယ်မှုက အရင်ဘဏ္ဍာနှစ်ကာလတူကုန်သွယ်မှုတွေထက် တောက်လျှောက်
လျော့နည်းနေခဲ့ပေမယ့် အခုနှစ်စပိုင်းမှာ ပထမဦးဆုံးအနေနဲ့ စတင်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိဖေဖော်ဝါရီပထမပတ်ရဲ့ ထုတ်ပြန်ချက်အရတော့ ဒီဘဏ္ဍာနှစ်ရဲ့ကုန်သွယ်မှုတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၃၀၅၇ သန်းအထိရှိလာပြီး ပြီးခဲ့တဲ့နှစ်ထက်ကန်ဒေါ်လာ ၁၇၅ သန်း
ကျော်ပိုမိုခဲ့တာဖြစ်ပါတယ်။
ပို့ကုန်အုပ်စုရဲ့ကုန်သွယ်မှုတွေက ကန်ဒေါ်လာ ၉၅၁၈ သန်း အထိရှိလာပြီး အရင်နှစ်ထက်ကန်ဒေါ်လာ ၆၂၅ သန်းကျော်ပို မိုကုန်သွယ်နိုင်ခဲ့တာတွေ့ရပြီး လယ်ယာထွက်ကုန်၊ ရေထွက်နဲ့ တိရိစ္ဆာန်ထွက်ကုန်ပစ္စည်းတင်ပို့မှုတွေ မြင့်တက်လာပါတယ်။
ထို့အတူ သစ်တောထွက်ပစ္စည်းတင်ပို့မှုနဲ့ အခြားကုန်စည်အမယ်စုံတင်ပို့မှုတွေလည်း အနည်းငယ်စီမြင့်တက်ခဲ့တာတွေရ
ပေမဲ့ စက်မှုကုန်ချောနဲ့သတ္တုတွင်းထွက်တင်ပို့မှုတွေကတော့ ဒီဘဏ္ဍာ နှစ်မှာအားနည်းနေခဲ့ပါတယ်။
မြန်မာငွေကြေတန်ဖိုးကျဆင်းမှုကြောင့် အခုဘဏ္ဍာနှစ်ရဲ့ သွင်းကုန်ပိုင်းလျော့နည်းနေခဲ့ပြီး အထူးသဖြင့် ရင်းနှီးမြုပ်နှံ မကုန်ပစ္စည်းတင်သွင်းမှုက ယခင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် ကျဆင်းခဲ့ပါတယ်။ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတင်သွင်းမှုကတော့ အရင်နှစ်ထက်ကန်ဒေါ်လာ ၇၈၈ သန်းနဲ့ လူသုံးကုန် ပစ္စည်းတင်သွင်းမှုကလည်း၅၂၇ သန်းကျော် အသီးသီးပိုမိုတင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်ရဲ့ သွင်းကုန်အုပ်စုတစ်ခုလုံးရဲ့ ကုနသွယ်မှုအားဖြင့် ကန်ဒေါ်လာ ၁၃၅၃၉ သန်းသာရရှိခဲ့ပြီး ၂၀၁၅-၁၆ ထက်ကို ကန်ဒေါ်လာသန်း ၄၅၀ လျော့ကျသွားတတွ့ရပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment