Thursday, February 16, 2017

ဘဏ္ဍာနှစ်​ မကုန်​မီ နှစ်လအလိုတွင်​ မြ၀တီနယ်စပ်​ ကုန်​သွယ်​​ရေးစခန်းမှ ယခင်​နှစ်​ထက်​ အမေရိကန်​​ဒေါ်လာ ၁၅ ဒသမ ၂၄၈ သန်း ပိုမိုကုန်​သွယ်​ခဲ့

နယ်​စပ်​စခန်းများအနက် ဒုတိယကုန်​သွယ်​မှု အများဆုံးဖြစ်​သည့်​ မြ၀တီနယ်စပ်​မှ ဘဏ္ဍာနှစ်​မကုန်​မီ နှစ်လအလိုတွင် ယခင်​ဘဏ္ဍာနှစ်​ တစ်​နှစ်​လုံးကထက်​ အမေရိကန်​​ဒေါ်လာ ၁၅ ဒသမ ၂၄၈ သန်း ပိုမိုကုန်​သွယ်​ခဲ့ပြီးဖြစ်​​ကြောင်း သိရသည်​။

အိမ်​နီးချင်း ထိုင်းနိုင်​ငံနှင့်​ ကုန်​သွယ်​မှု ပြုရာတွင်​ နယ်​စပ်​စခန်းများအနက်​ အများ ဆုံးကုန်​သွယ်​နိုင်​သည့်​ မြ၀တီနယ်​စပ်​မှ ၂၀၁၆ -၂၀၁၇ ခုနှစ်​ ​ဖေ​ဖော်ဝါရီ ၃ ရက်​​ထိ အမေရိကန် ​​ဒေါ်လာ ၇၄၁ ဒသမ ၃၆၀ သန်း ကုန်​သွယ်​ထားပြီးဖြစ်​၍ ယခင်​ဘဏ္ဍာနှစ် ​တစ်​နှစ်​လုံး​ ဒေါ်လာ ၇၂၆ ဒသမ ၁၁၂ သန်းနှင့်​ နှိုင်းယှဉ်​ပါက ​ဒေါ်လာ ၁၅ ဒသမ၂၄၈ သန်း ပိုမို ကုန်​သွယ်​နိုင်​ခဲ့ပြီဖြစ်​၍ ဘဏ္ဍာနှစ်​ကုန်​လျှင်​​ ဒေါ်လာ သန်း ၈၀၀ ​ကျော်​ ကုန်​သွယ်​နိုင်ဖွယ်​ရှိ​ကြောင်း မြ၀တီနယ်​စပ် ​ကုန်​သွယ်ရေးစခန်း၌ တာဝန်​ထမ်း​ဆောင်​​နေသူ တစ်​ဦးက ဆိုသည်။


မြ၀တီနယ်​စပ်​ ကုန်​သွယ်​ရေးလမ်းပိုင်းရှိ ဒေါန​တောင်​​ကျော်​ အာရှလမ်းဖွင့်​လှစ်​ပြီး​နောက်​ ယခင်​ကကဲ့သို့ အတက်​တစ်​ရက်​ အဆင်းတစ်​ရက်​ မဟုတ်​​တော့ဘဲ နေ့စဉ်​အတက်​အဆင်း ကုန်​သွယ်​​နေကြသလို ရန်​ကုန်​​ဈေးကွက်​သို့ ​နေ့ချင်းအ​ရောက်​ ပို့​ဆောင်​​နိုင်​ပြီ ဖြစ်​သည်​။

ထိုင်းနိုင်​ငံ၏ ကုန်​သွယ်​မှု တံခါး​ပေါက်​ မဲ​ဆောက်​- မြ၀တီ လမ်း​ကြောင်းမှ ယခုနှစ်​တွင်​ လယ်​ယာသုံးပစ္စည်များ ပိုမိုတင်​သွင်းလာပြီး အိမ်​​ဆောက်​ပစ္စည်း။ သွတ်​၊ သံ၊ ဘိလပ်​​မြေနှင့်​အိမ်​သာ​ကြွေခွက်​၊​ ကော်​ပစ္စည်း အသုံးအ​ဆောင်​များ ပိုမိုတင်​သွင်းခဲ့သည်​။

ထိုင်းနိုင်​ငံ၊ ဗီယက်​နမ်​ နိုင်​ငံထုတ်​ ဆိုင်​ကယ်​များအား ဆိုင်​ကယ်​​ရောင်းဝယ်​​ရေး ကုမ္ပဏီများက တရားဝင်​တင်​သွင်းလျက်​ရှိသည်​။ ထို့ပြင်​ လယ်​ထွန်​စက်​၊ စပါး​ခြွေလှေ့စက်​၊ ကူဘိုတာ လယ်​ယာသုံးစက်​ယန္တရားများ တင်​သွင်းလာခဲ့သည်​။

ထို့ပြင်​ ယခင်​က ပုံမှန်​တင်​သွင်း​လျက်​ရှိသည့်​ အ၀တ်​အထည်​၊ စား​သောက်​ကုန်​နှင့် အချိုရည်​မျိုးစုံတို့မှာ ယခင်​နှစ်​ကထက်​ပိုပြီး တင်​သွင်းလာခဲ့ပြီး စက်​သုံးဆီနှင့်​ ဓာတ်​​ငွေရည်​တင်​သွင်းမှုမှာ ပိုပိုများပြားလာခဲ့သည်။

ထိုင်းနိုင်​ငံထုတ်​ သကြားများအား Re – export အဖြစ်​ တရုတ်​နိုင်​ငံသို့ အလုံးအရင်းဖြင့်​ တင်​ပို့လျက်​ရှိပြီး မြန်​မာနိုင်​ငံထွက် ​ကြံများကို ထိုင်းနိုင်​ငံသို့ တင်​သွင်းလျက်​ရှိသည်။

မြန်​မာနိုင်​ငံ​ ရေထွက်​ကုန်​ငါးသယံဇာတ၊ ငါး ၊ ပုစွန်​၊ ကဏန်း၊ ငါးရှဉ့်​နှင့်​လယ်​ယာ ထွက်​ကုန်​နှမ်းနက်​၊ ကြက်သွန်​၊ ပဲ၊ ငရုတ်​သီး၊ လက်ဖက်​နှင့် ပြောင်းဖူးများကို ထိုင်းနိုင်​ငံဘက်​သို့ တင်​ပို့လျက် ​ရှိသည်​။

မြန်မာ - ထိုင်း နယ်စပ်ရှိ မြ၀တီကုန်သွယ်ရေးဇုန်မှ ဇန်န၀ါရီ နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၂၄၆၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၇၅ တန် နီးပါးတင်ပို့ခဲ့​ကြောင်း သိရသည်​။ မြန်​မာ့ ကြက်​သွန်​နီ (ဆိုက်​ကြီး) များအား ထိုင်းနိုင်​ငံမှတစ်ဆင့်​ မလေးရှား၊ စင်ကာပူနှင့်​ အ​မေရိကန်​ထိ တင်​ပို့နိုင်​ရန်​ ကြက်​သွန်​လုပ်​ငန်းရှင်များက ​ပြောကြားသည်​။

မြ၀တီနယ်​စပ် ​ကုန်​သွယ်​​ရေးစခန်းမှ တစ်​ဖက်​ထိုင်းနိုင်​ငံသို့ တင်​ပို့မှုမှာ ယခင်​နှစ်​ကထက်​ မြင့်​တက်​လာ​သော်​လည်း လွန်​ခဲ့သော ၂၀၁၂ - ၂၀၁၃ ခုနှစ်​ ပို့ကုန်​ပမာဏကို ပြည့်​မီရန် လိုအပ်​​နေ​ဆဲဖြစ်​​ကြောင်း သိရသည်​။



Credit To >>> Eleven Media Group

0 comments:

Post a Comment