Wednesday, February 15, 2017

မြနန်းစံကျော်ရွှေနန်းတော်သို့ ပြည်တွင်းပြည်ပဧည့်သည် နေ့စဉ် ၁၃၀၀ ခန့် လာရောက်လေ့လာ ကမ္ဘာလှည့်ခရီးသည် များတွင် ဥရောပနိုင်ငံများမှ အများဆုံးပါဝင်

No automatic alt text available.
မန္တလေး နန်းတွင်းရှိ မြနန်းစံကျော်ရွှေနန်း တော်ကြီးသို့ နေ့စဉ်လာရောက်လည် ပတ်သူဦးရေ ၁၃၀၀ ရှိသည့်အနက် ကမ္ဘာလှည့်ခရီးသည်အများစုမှာ ဥ ရောပနိုင်ငံများမှ အများဆုံးဖြစ် ကြောင်း သိရသည်။

"ပြည်တွင်းခရီးသည်ဦးရေက တော့ နေ့စဉ်တစ်ထောင်ကျော်ရှိပြီး ကမ္ဘာလှည့်ခရီးသည်ဦးရေကတော့ ၃၀၀ ၀န်းကျင်အထိ ၀င်ရောက် လျက် ရှိပါတယ်။ အာဖရိကနိုင်ငံတွေက ခရီးသည်တွေလည်း တချို့ရက်တွေ မှာလာရောက်လေ့လာမှုရှိပါတယ်။ အခုဆိုရင် မြနန်း စံကျော်ရွှေနန်း တော်ကြီးမှာ နှစ်ပေါင်းကြာမြင့်မှု
ကြောင့် ပျက်စီးယိုယွင်းလာတဲ့အပိုင်း တွေကို ရှေးမူမပျက်ပြန် လည်ပြုပြင် မွမ်းမံတဲ့လုပ်ငန်းတွေ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ပါတယ်။ နန်းတွင်း ထဲက ရွှေနန်းတော်ယဉ်ကျေးမှုပြ တိုက်ကို အဆင့်မြှင့်တင်မှုလုပ်ငန်း တွေကတော့ လက်ရှိအချိန်မှာ ၇၀ ရာခိုင်နှုန်းလောက်အထိပဲပြီးစီးပါ သေးတယ်။ လာမယ့်မတ်လ ကုန်ပိုင်း လောက်ဆိုရင်တော့ ပြတိုက်ကိုပြန် လည်ဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်လျက် ရှိပါတယ် " ဟု ရှေးဟောင်းသုတေသ နနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ဖေဖော်ဝါရီ ၁၄ ရက်တွင်ပြောကြားသည်။

နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ပြီဖြစ်သော ရှေးဟောင်းကျုံးမြို့ရိုး နှင့်အတူ မြနန်းစံကျော်ရွှေနန်းတော် ကြီးမှာ နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသည်များအတွက် စိတ်ဝင်စား စရာအထင်ကရနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိရာ လာရောက်လေ့ လာသူများ အနားယူနိုင်မည့် ဥယျာဉ် ပန်းခြံများကိုလည်း ဆက်လက်တည် ဆောက်ပေးမည်ဖြစ်သည်။

Credit To >>>> Democracy Today

0 comments:

Post a Comment