Monday, January 9, 2017

ရေထွက်ကုန် ပြည်ပတင်ပို့မှု ကိုးလအတွင်း ကန်ဒေါ်လာ သန်း ၄၁၀ ကျော်ရရှိ

ယခုဘဏ္ဍာနှစ် ကိုးလ အတွင်း ရေထွက်ကုန် ပြည်ပတင် ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၁၀ ကျော် ရရှိပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ် လာ ၈၃ သန်းကျော် ပိုမိုရရှိထား ကြောင်း သတင်းရရှိသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ ရေထွက်ကုန် ပြည်ပတင်ပို့မှု ဝင် ငွေသည် အမေရိကန် ဒေါ်လာ ၄၁၁ သန်းကျော် ရရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူ၌ အမေရိ ကန်ဒေါ်လာ ၃၂၇ ဒသမ ၉၃၄ သန်း ရရှိခြင်းဖြစ်သည်။
ယခုအတိုင်း ဝင်ငွေမြင့် တက်နေပါက ဘဏ္ဍာနှစ်ကုန်ဆုံး ချိန်တွင် ယခင်ဘဏ္ဍာနှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၀၂ ဒသမ ၆၃ သန်းထက် ပိုမိုရရှိထားနိုင် ကြောင်း ရေထွက်ပို့ကုန်တင်ပို့နေ သော ငါးလုပ်ငန်းဦးစီးဌာန ညွှန် ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။
‘‘တစ်လမှာ ပုံမှန် သန်း ၃၀၊ သန်း ၄၀ လောက် ရလေ့ရှိတယ်။ သုံးလကျန်တော့ ဘဏ္ဍာနှစ်ကုန် ရင် အနည်းဆုံး ၅၂၅ သန်း လောက် ရနိုင်တယ်လို့ မှန်းထား တယ်။ ဒီနှစ် ထူးခြားတာက နိုင်ငံ တကာမှာ ဈေးကောင်းရနေတဲ့ ငါးသလောက်တွေ ပိုဖမ်းမိတယ် ဆိုတော့ သေချာပါတယ်။ မနှစ် ကထက် ဝင်ငွေပိုမှာပါ’’ ဟု ဦးထွန်းဝင်းမြင့်က ပြောသည်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၆၅၂ ဒသမ ၈၄ သန်းဖြင့် အများဆုံးရရှိပြီးနောက် ဝင် ငွေရရှိမှုသည် နှစ်စဉ် တဖြည်း ဖြည်းကျဆင်းကာ ဒီချုပ်အစိုးရ သစ်လက်ထက်၌ ဝင်ငွေတိုးတက် ရရှိလာခြင်းဖြစ်သည်။
‘‘တန်ချိန်လည်း တိုးတက်ပို့ နိုင်လို့ အခုဆိုရင် တန်ချိန် ၂၇၀,၀၀၀ ကျော် ပို့ပြီးနေပြီး။ ဒီနှစ်တန်ချိန်ရော၊ ဝင်ငွေရော တိုး တက်လာတယ်။ ဒီအတိုင်း ဆက်တင်ပို့နိုင်ရင် မနှစ်ကထက် ဝင်ငွေပိုလာမယ်လို့ ခန့်မှန်းထားတယ်’’ ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ် ငန်းရှင်များအသင်း အတွင်းရေး မှူး ဦးမျိုးညွန့်က ပြောသည်။
ယခင်က တင်ပို့သော ရေထွက်ကုန်ဈေးနှုန်းအမှန်ကို ကုမ္ပဏီနှင့် လုပ်ငန်းရှင်များက ဖော်ပြမှုအားနည်းခဲ့သော်လည်း ယခုအခါ ဈေးနှုန်းအမှန် ဖော်ပြလာသဖြင့် ဝင်ငွေတိုးတက်လာခြင်းဖြစ်ကြောင်း ဦးထွန်းဝင်းမြင့်က ပြောကြားသည်
Credit To >>> 7 Day Daily

0 comments:

Post a Comment