Thursday, May 12, 2016

Recycle Handmade ပစ္စည်းများကို ငါးဒေါ်လာမှ ဒေါ်လာ ၃ဝဝ အထိ ဈေးကွက်တင်ရောင်းချမည်


သဘာပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အကူပြုနိုင်မည့်အပြင် မြန်မာ့လက်မှုအနုပညာရပ်များကိုပါ တွေ့မြင်နိုင် မည့် Recycle Handmade အသုံးအဆောင် ပစ္စည်းများအား ဈေးကွက်တင်ရောင်းချနိုင်ရန် စီစဉ်နေကြောင်း မင်္ဂလာပါမြန်မာ့လက်မှု ပစ္စည်းများ အရောင်းပြခန်းမှ ဒေါ်သီတာစမ်းက ပြောသည်။
Recycle Handmade အသုံးအဆောင် ပစ္စည်းများမှာ စားပွဲတင်မီးအိမ်၊ မျက်နှာ ကြက်မီးအိမ်၊ ဝိုင်သောက်သည့်ခွက်များ၊ ရေနွေးခွက်၊ ပိုက်ဆံအိတ်၊ ရေခွက်၊ ကြယ်သီး၊ စုဘူး၊ လေမှုတ်မီးအိမ်၊ လက်ဖက်အုပ်၊ ဆပ်ပြာခွက်စသည့် အသုံးအဆောင်ပစ္စည်း များဖြစ်ပြီး လုပ်ကိုင်ဖန်တီးရသည့် လက်ရာ အပေါ်မူတည်၍ ဈေးနှုန်းများမှာ အနိမ့်ဆုံး ငါးဒေါ်လာမှ အမြင့်ဆုံး ဒေါ်လာ ၃ဝဝ အထိရှိကြောင်း သိရသည်။
လူမှုပတ်ဝန်းကျင်တွင် အသုံးမလိုတော့သည့် စွန့်ပစ်ပစ္စည်းများဖြစ်သော ဘူးသီး ခြောက်၊ အုန်းခွံ၊ သတင်းစာစက္ကူအဟောင်း များ၊ CD ချပ်အဟောင်းများနှင့် စွန့်ပစ်ပိုက် များဖြင့် မြန်မာ့လက်မှုအနုပညာရပ်ကို အသုံးပြုကာ လူ့အသုံးအဆောင်ပစ္စည်းများ တီထွင်ဖန်တီး၍ ပြည်တွင်း ပြည်ပဈေးကွက်တွင် ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အန္တရာယ်ကို တစ်ဖက်တစ်လမ်းက အကာအကွယ်ပေးနိုင်တဲ့အပြင် မြန်မာ့လက်မှု အနုပညာရပ်တွေကိုပါ ခံစားလေ့လာနိုင်အောင် အသုံးအဆောင်ပစ္စည်းအနေနဲ့ ဖန်တီး ထုတ်လုပ်နေတာပါ''ဟု ၄င်းက ဆိုသည်။
အဆိုပါ Recycle Handmade အသုံး အဆောင်ပစ္စည်းများကို နိုင်ငံခြားဈေးကွက်တင်ပို့ရောင်းချနိုင်ရန် အဓိကမျှော်မှန်းထားပြီး ပြည်တွင်းစိတ်ဝင်စားမှု အခြေအနေမှာလည်း ၇ဝ ရာခိုင်နှုန်းအထိရှိခြင်းကြောင့် ပြည်တွင်း၊ ပြည်ပမျှတစွာ ရောင်းချနိုင်ရန် စီစဉ်လျက်ရှိသည်။
''နိုင်ငံခြားသားတွေက Recycle နဲ့ ပတ်သက်ပြီး အတော်အလေးထားကြတယ်။ ဒီလိုပစ္စည်းတွေ ထုတ်လုပ်နေတာသိတော့ လာပြီးလေ့လာကြတယ်။ ဝယ်ယူဖို့လည်း အော်ဒါမှာသွားတာတွေ ရှိပါတယ်။ ပြည်တွင်းမှာတော့ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေက မှာယူမှုတွေရှိနေပါတယ်''ဟု ဒေါ်သီတာစမ်းက ပြောသည်။
ထိုကဲ့သို့ တီထွင်ဖန်တီးထုတ်လုပ်မှု အကျိုးရလဒ်အနေဖြင့် မြန်မာ့လက်မှုအနု ပညာရှင်များ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာသည့်အပြင် အုန်းသီး၊ ဘူးသီး ရောင်းချသည့် စိုက်ပျိုးရေးသမားများအတွက် လည်း တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိနိုင် မည်ဖြစ်သည်။
''အသုံးအဆောင်တွေကို အုန်းသီးနဲ့ပြု လုပ်တာများတယ်။ ကုန်ကြမ်းက အုန်းသီး ပဲပေါတာ။ ဘူးသီးက ကုန်ကြမ်းရှားတယ်။မန္တလေးမှာဆို ဘူးသီးစိုက်တာ နည်းတဲ့အတွက် ရှမ်းပြည်နယ်ဘက်က ကုန်ကြမ်းမှာနေရတယ်။ ဖန်တီးပြုလုပ်တဲ့နေရာမှာတော့ အခက်အခဲ သိပ်မရှိဘူး။ နည်းပညာပဲ တိုးတက်အောင် ကြိုးစားနေပါတယ်''ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment