Monday, January 2, 2017

ရေနံဈေးပြန်တက်ဖို့အတွက် တစ်ကမ္ဘာလုံး ရေနံထုတ်လုပ်မှုလျော့ချရေး ဇန်န၀ါရီ ၁ ရက် စတင်

Image may contain: sky, outdoor and nature
ရေနံထုတ်သူနိုင်ငံများအသင်းOPEC မှာပါဝင်တဲ့နိုင်ငံများနဲ့ ပါဝင်ခြင်းမရှိတဲ့နိုင်ငံများဟာ ၂၀၁၆ ခုနှစ်ထဲမှာ တစ်နေ့ကိုရေနံစည်ပေါင်း ၁ ဒသမ ၈ သန်း လျော့ချထုတ်လုပ်ဖို့အတွက်သဘောတူညီခဲ့မှုဟာ မနက်ဖြန် ၂၀၁၇ ခုနှစ်ရဲ့ ပထမဆုံးရက်မှားစတင် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

ပထမဆုံး သဘောတူညီချက်အကျုံးဝင်တဲ့ လဖြစ်တဲ့အတွက် သဘောတူညီချက်မှာပါဝင်ခဲ့ကြတဲ့နိုင်ငံတွေဟာ စည်းမျဉ်းတွေကိုလိုက်နာကြမလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပြီးတော့ ပညာရှင်တွေကတော့မဖြစ်နိုင်လောက်ဘူးလို့ဆိုပါတယ်။

နိုဝင်ဘာလကုန်မှာ OPEC အဖွဲ့ဝင်တွေဟာ ထုတ်လုပ်မှုတစ်ရက်ကို ၁ဒသမ ၂ သန်းလျော့ချဖို့အတွက်သဘောတူညီခဲ့ကြပြီး ၈နှစ်အတွင်းပထမဆုံးအကြိမ်ရေနံထုတ်လုပ်မှုလျော့ချဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာလထဲမှာတော့ OPEC အဖွဲ့ဝင်နိုင်ငံတွေမဟုတ်တဲ့ ရုရှလိုနိုင်ငံတွေပါ သဘောတူညီချက်မှာပါဝင်လာပြီး တော့ တစ်နေ့ပို စည် ၆သိန်း ထပ်လျော့ချဖို့သဘောတူညီခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးအကုန်လုံးပေါင်းစည်းလုပ်ဆောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရေနံဈေးတွေ ပြန်တက်လာစေဖို့ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်ထဲမှာ အမေရိကန်ဒေါ်လာဈေးက မာလာဖို့ရှိတာကြောင့် တစ်ချို့နိုင်ငံတွေဟာ ရေနံထုတ်လုပ်မှုကိုထင်သလောက်လျော့ချနိုင်မှာမဟုတ်ဘူးလို့ ပညာရှင်တွေကသုံးသပ်ပါတယ်။ ဒေါ်လာဈေးတက်လာတဲ့အခါမှာ ရေနံထုတ်လုပ်သူနိုင်ငံတွေဟာ ဆုံးရှုံးမှုနည်းအောင်လို့ ရေနံတွေပြန်ထုတ်လုပ်ကြနိုင်တယ်လို့ ပညာရှင်တွေကပြောပါတယ်။

လက်ရှိမှာတော့ ဗန်နီဇွဲလားနိုင်ငံက ဇန်န၀ါရီတစ်ရက်မှာ စည်ကိုးသောင်းခွဲလျော့ထုတ်မယ်လို့ကြေငြာထားပါတယ်။ ထုတ်လုပ်မှုလျော့ချရေးကိုစနစ်တကျသဘောတူညီထားတဲ့အတိုင်းနိုင်ငံတွေက အသီးသီးလုပ်ဆောင်မယ်ဆိုရင်တော့ ရေနံက ဈေးကွက်ထဲမှာ များပြားနေတာမျိုးမရှိနိုင်တော့ဘဲဈေးပြန်လည်တက်လာမှာဖြစ်ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment