Monday, January 2, 2017

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် အသင့်ပြင်ဆင်ထားဟု ရခိုင်ပါတီပြော

ရခိုင်ပြည်နယ်တွင် အ  မျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲကျင်းပရန် အသင့်ပြင်ဆင်ထား သည်ဟု ရခိုင်အမျိုးသားပါတီ (ANP) တာဝန်ရှိသူများက ပြော သည်။

ရခိုင်ပြည်နယ် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်း ပရေး ကြီးကြပ်မှုကော်မတီတွင်ပါဝင်ရန် ကိုယ်စားလှယ်လျာထားပြီးဖြစ်သည်ဟု ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
‘‘ကျွန်တော်တို့ ရခိုင်ဘက် ကတော့ ALP (ရခိုင်ပြည်လွတ် မြောက်ရေးပါတီ) ဘက်ကလည်း အဆင်သင့်ဆိုတာ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ ANP ဘက်ကလည်း အဆင်သင့်ဖြစ် တယ်’’ဟု ဒေါက်တာအေးမောင် ကအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်မည့်အခြေ အနေနှင့်ပတ်သက်၍ ပြောကြား သည်။
ALP ပါတီသည်တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးထားသည့် ရခိုင်လက် နက်ကိုင်အဖွဲ့ ဖြစ်သည်။
သို့ရာတွင် အမျိုးသားအ ဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပ ရန် ကြီးကြပ်မှုကော်မတီဖွဲ့စည်း ရေးအတွက် အစိုးရက ဦးဆောင် ရန်လိုကြောင်းနှင့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ရန်ပုံငွေ လိုအပ်ကြောင်းဒေါက်တာ အေးမောင်က ဆက်လက်ပြောကြားသည်။
‘‘ကျင်းပဖို့အတွက် လုံခြုံရေး အခြေအနေကောင်းပါတယ်။ ဒီ နေရာမှာ ကျင်းပဖို့အဆင်သင့် ဖြစ်နေပါပြီဆိုတာမျိုး ကိုးဦးပါတဲ့ ကြီးကြပ်တဲ့ကော်မတီက UPDJC က ဥက္ကဋ္ဌအဖွဲ့ကို သတင်းပို့ရမှာ။ အဲဒီလိုသတင်းပို့တဲ့အခါတစ်ခါ တည်း ဘတ်ဂျက်ကိစ္စပါသတင်းပို့ ရမှာပေါ့’’ဟု ဒေါက်တာ အေး မောင်ကပြောသည်။
ANP အတွင်းရေးမှူး ဦး အောင်မြကျော်ကလည်း ‘‘ကျွန် တော်တို့ပါတီအနေနဲ့ ပြင်ဆင် ထားမှုတော့ရှိပါတယ်။ ကျွန် တော်တို့ ဘယ်လိုပဲပြင်ဆင်ပြင် ဆင် အဓိက ဦးဆောင်ကျင်းပ ရမှာက အစိုးရဖြစ်တော့ အစိုးရ ဘက်က ဘာမှအဲဒါနဲ့ပတ်သက်ပြီး လုပ်ဆောင်မှုမရှိလို့ သူတို့ကို စောင့်ကြည့်နေရတဲ့ သဘောမျိုး ရှိပါတယ်’’ဟု ပြောသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပနိုင်ရန် ရခိုင် လက်နက်ကိုင်အဖွဲ့ ALP နှင့်ရခိုင် ပါတီ ANP တို့သည် နိုဝင်ဘာက ဆွေးနွေးမှုတစ်ကြိမ်ရှိကြောင်း ၎င်းကဆိုသည်။
‘‘ပူးပေါင်းပြီးလုပ်ဆောင်ဖို့၊ မလုပ်ဆောင်ဖို့ကတော့ ကျွန်တော် တို့ပါတီ စီအီးစီအစည်းအဝေး ထိုင်ပြီးမှ သူတို့ကို အကြောင်းပြန် မယ်ဆိုပြီးပြောလိုက်တယ်’’ ဟု ဦးအောင်မြကျော်က ALP အဖွဲ့ နှင့်ဆွေးနွေးမှုအခြေအနေကို ရှင်း ပြသည်။
ဒုတိယပင်လုံမတိုင်မီ အ မျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများ ပြီးနိုင်သမျှပြီးအောင်လုပ် မည်ဆိုသည့် မူသဘောထားရှိ သည်ဟုအမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပနိုင်ရေး ဆောင်ရွက်နေ သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ် ရဲဘော်မျိုးဝင်းကပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ် ၌ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် နေပြည်တော်တွင် အကြောင်းအရာအလိုက် (အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်) အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အစိုးရက ဦးစားပေးလုပ်ဆောင်နေပြီး ယင်းဆွေးနွေးပွဲများအတွက် ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းရေးဆောင်ရွက်နေသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် နေပြည်တော် တို့၌ ၂၀၁၇ ဇန်န၀ါရီအတွင်း ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
ဒုတိယအကြိမ်ပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ၂၀၁၇ ဖေဖော်ဝါရီတွင် ကျင်းပရန်သတ်မှတ်ထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment