Friday, January 6, 2017

စတော့အိတ်ချိန်းဈေးကွက်မှာ ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာ တွေကို အခုလ ၂၀ ရက်နေ့မှာစပြီးထုတ်ရောင်း

Image may contain: tree and outdoor
ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်မှာ ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာတွေကို အခုလ ၂၀ ရက်နေ့မှာ စတင်ထုတ်ရောင်းတော့မယ်လို့ သိရပါတယ်။

ဘဏ်ခွဲ ၃၀ ကျော်အထိဖွင့်လှစ်ထားတဲ့ ယင်းကုမ္ပဏီအနေနဲ့ မတည်ရင်းနှီးငွေကျပ် ၇၆ ဘီလီယံကျော်အထိရှိ နေပြီး အစုရှယ်ယာပေါင်း ၂၄ သိန်းကျော်ကို ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းသွင်းရောင်းချသွားမှာလည်း ဖြစ်ပါတယ်။

စတော့အိတ်ချိန်းရဲ့ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက “ ဒီ ၂၀၁၇ မှာစတော့စာရင်းဝင် ကုမ္ပဏီ ၁၀ ခု လောက်အထိတိုးတက်ဖို့မှန်းထားပါတယ်၊ စတော့စဖွင့်တော့ စတော့စိတ်ဝင်စားလို့ လာစာရင်း သွင်းထားတာကတော့ အများပိုင်ကုမ္ပဏီ ၆ ခုတော့ရှိထားပါတယ်”လို့ပြောပါတယ်။

စတော့အိတ်ချိန်းရဲ့ စတုတ္ထမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်လာမယ် အဆိုပါကုမ္ပဏီအနေနဲ့ စတော့အဖွင့်ဈေးကို လာမယ့် ၁၉ ရက်နေ့မှာတရားဝင်ထုတ်ပြန်သွားမှာလည်း ဖြစ်ပါတယ်။

လက်ရှိစတော့အိတ်ချိန်းဈေးကွက်မှာ သီလ၀ါအများပိုင်ကုမ္ပဏီ၊FMI ကုမ္ပဏီနဲ့ မြန်မာနိုင်ငံသားများဘဏ်ရဲ့ ရှယ်ယာတွေကိုထုတ်ရောင်းပေးနေပြီး အရောင်းအ၀ယ်တွေ အေးစက်နေတယ်လို့လည်းစတော့ဝယ်ရောင်းသမားတွေထံကသိရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment