Friday, January 6, 2017

မိုးကုတ်မြို့တွင် နိုင်ငံတကာအဆင့်မီ ကျောက်မျက်ပြတိုက်တည်ဆောက်မည်

Image may contain: mountain, sky, outdoor and nature
မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့တွင် နိုင်ငံ တကာအဆင့်မီ ကျောက်မျက်ပြတိုက် နှင့် ရောင်းဝယ်ရေးစင်တာကို မိုး ကုတ်မြို့အလယ်ရှိ မုံကွင်းတွင်တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက် နေကြောင်း မိုးကုတ်မြို့နယ်စည်ပင် သာယာရေးကော်မတီထံမှ သိရ သည်။

""ဒါနဲ့ပတ်သက်ပြီး ကျောက်မျက် အသင်းရုံးမှာ မိုးကုတ်က ကျောက် မျက်လုပ်ငန်းရှင်များအသင်း၊ ကျောက် မျက်ကုန်သည် ပွဲစားများအသင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အ စည်းအဝေးလုပ်ဖြစ်တယ်။
လော လောဆယ်မှာပထမဆောက်မယ့် နေရာက ဘေးပတ်ဝန်းကျင်အနေ အထားအဆင်မပြေတဲ့အတွက် အခု လက်ရှိအင်းပတ်လမ်း အင်းအရှေ့ ဘက်ခြမ်းညာဘက်မှာ မြေနေရာ အလွတ်ကျန်နေသေးတယ်။

အဲဒီ နေရာမှာတည်ဆောက်ဖို့ ဆုံးဖြတ် ထားတယ်။ အများလက်ခံ၊ လက်မ ခံကတော့ စည်းရုံးရဦးမယ်""ဟု မိုးကုတ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးဝင်းတင့်က ဇန် န၀ါရီ ၄ ရက်တွင် ပြောသည်။

နိုင်ငံတကာအဆင့်မီ ကျောက် မျက်ပြတိုက်နှင့် ရောင်းဝယ်ရေးစင်တာ တည်ဆောက်ရန် မြေနေရာရွေးချယ် ထားသော်လည်း လုပ်ငန်းစတင်နိုင် ရန် အဆင့်များစွာဖြတ်ကျော်ရမည် ဖြစ်ပြီး ကျောက်မျက်ပြတိုက်နေရာ အဖြစ် ရွေးချယ်ထားသည့်နေရာရှိ မြေပိုင်ရှင်များနှင့် ညှိနှိုင်းဆွေးနွေး ရန် လိုအပ်နေသည်။

ယင်းအပြင် ပြတိုက်နှင့် ရောင်း ၀ယ်ရေးစင်တာတည်ဆောက်ရန် အတွက် ဘတ်ဂျက်ငွေကိုလည်း ညှိ နှိုင်းဆွေးနွေးမှုပြီးမှသာ ဆောင်ရွက် သွားနိုင်မည်ဖြစ်ပြီး ကျောက်မျက်ပြ တိုက်နှင့် တစ်ဆက်တည်းနေရာတွင် မြို့နေလူထုတွေအတွက် စိတ်အေး ချမ်းသာစွာအပန်းဖြေနိုင်ရန် Public Area အဖြစ်သတ်မှတ်ပြီး ပန်းခြံနှင့် အားကစားကွင်းများ ဆောက်လုပ် သွားရန်စီစဉ်ထားကြောင်း သိရ သည်။

Credit To >>> Democracy Today

0 comments:

Post a Comment