Friday, January 6, 2017

တပ်ချုပ်နှင့် အမေရိကန်သံအမတ် ရခိုင်နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းအရေး ဆွေးနွေး

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင် ရာ အမေရိကန်သံအမတ်တို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်နှင့် ရှမ်းပြည် နယ် အရှေ့မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင် ရာ အမေရိကန်သံအမတ် မစ္စတာစကော့လ်မာစီရယ်တို့သည် ဇန်နဝါရီ ၅ရက်က နေပြည်တော်တွင် တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ အနောက်ပိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ ဖြစ်ပွားနေ သည့် လက်နက်ကိုင်ပဋိပက္ခများ အပေါ် ဆွေးနွေးခဲ့ကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ၌ ပြီးခဲ့သည့် အောက်တိုဘာက အကာမူလ် မူဂျာဟီဒင်န်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်နေရဆဲဖြစ်သည်။

ထို့အပြင် နိုဝင်ဘာအတွင်း က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် မုံးကိုးဒေသများသို့ ကေအိုင်အေ၊ တအာင်းနှင့် ကိုးကန့် ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ပြီး တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ်၌လည်း တပ်မတော်နှင့် ကေအိုင်အေတို့ မကြာသေးမီက တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားပြီး စစ်ဘေးဒုက္ခ သည် ထောင်နှင့်ချီ၍ ထပ်မံတိမ်း ရှောင်နေရသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment