Friday, January 6, 2017

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းမှားပါက မဲဆန္ဒရှင်များထောက်ပြရန် တောင်းဆို

 ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲစာရင်းကြေညာသည့် အခါတွင် အမှားများရှိနေပါက ပြင်ဆင်ရန် မဲဆန္ဒရှင်များအနေဖြင့် တောင်းဆိုပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင်မှ သတင်းရရှိသည်။


လာမည့်ဖေဖော်ဝါရီ ၁ ရက် တွင် ကြားဖြတ်ရွေးကောက်ပွဲမဲ စာရင်းများ ထုတ်ပြန်ကြေညာပေး မည်ဖြစ်ကာ မဲစာရင်း၌ အမည် မပါဝင်ပါက တောင်းဆိုရန်၊ အမှားပါရှိပါက ပြင်ဆင်ရန်၊ မပါဝင်သင့် သူများ ပါဝင်နေပါက ပယ်ဖျက်ရန်သတ်မှတ်ထားသည့် ပုံစံများဖြင့်တောင်းဆိုနိုင်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့အတွင်းရေးမှူး ဦးတင်ထွန်း က ပြောသည်။
လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာအတွက် မဲစာရင်းကို ဖေဖော် ၀ါရီ ၁ ရက်က စတင်ကာ ၁၄ ရက် ကြာ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ကြေညာ ပေးမည် ဖြစ်သည်။
‘‘ဒီတစ်ခေါက်မဲစာရင်းက အိမ်တိုင်ရာရောက် ကောက်ထား တာဆိုတော့ အမှားပါမှု နည်းပါ လိမ့်မယ်။ အကယ်၍ အမှားအ ယွင်းတချို့ပါခဲ့ရင်လည်း မဲစာရင်း မှန်ကန်ရေးအတွက် မဲဆန္ဒရှင် ပြည်သူများက ၀ိုင်းဝန်းကူညီပေး ကြပါ’’ဟု ဦးတင်ထွန်းက ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ကနဦး မဲစာရင်းများ ထုတ်ပြန်ရာ အားနည်းချက်များရှိသောကြောင့် ဝေဖန်မှုများစွာ ကြုံခဲ့သကဲ့သို့  ကော်မရှင်က ပြန်လည်ပြင်ဆင်ပေးခဲ့ သည်။
လာမည့်ဧပြီ ၁ ရက်တွင်  ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲစာရင်းများကို နိုဝင်ဘာ၁ ရက်မှ ၃၀ ရက်အထိ ရက်ပေါင်း၃၀ ကြာ ရွေးကောက်ပွဲကျင်းပမည့် နေရာများ၌ အိမ်တိုင်ရာရောက် မဲစာရင်းကောက်ယူခဲ့ပြီး မဲပေးနိုင်သူဦးရေ ၂ ဒသမ ၂ သန်းခန့်ရှိ ကာ ပြည်ပရောက် မဲဆန္ဒရှင်ဦးရေ ၃၅၀ ကျော်ရှိသည်။
မဲစာရင်းမှန်ကန်စေရန် ကြား ဖြတ်ရွေးကောက်ပွဲကစတင်ကာ အိမ်တိုင်ရာရောက် မဲစာရင်း ကောက်ယူသည့် စနစ်ကိုကျင့်သုံး ခဲ့ပြီး ယင်းစနစ်အောင်မြင်ပါက လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင်လည်း ဆက်လက် ကျင့်သုံးရန်ရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံမှ သတင်းရရှိသည်။
လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာတွင် ပြည်သူ့လွှတ်တော်ကိုးနေ ရာ၊ အမျိုးသားလွှတ်တော်သုံးနေ ရာနှင့် ပြည်နယ်လွှတ်တော် ခုနစ် နေရာရှိကာ လစ်လပ်မဲဆန္ဒနယ် များရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုမှ မြို့နယ် ၂၂ မြို့ နယ်တွင် ကျင်းပမည်ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲကို အာဏာရပါတီအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အပါအ၀င် ပါတီ ပေါင်း ၂၄ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ ယှဉ်ပြိုင်မည် ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment