Monday, January 2, 2017

မြန်မာအထူးသံတမန်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့သွားမည်

ဘင်္ဂါလီအရေး၊ ကုန် သွယ်ရေးအပါအ၀င် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များ ဆွေးနွေးရန် မြန်မာအထူး သံတမန်အဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

မြန်မာအထူးသံတမန်အဖွဲ့ သည် ဇန်န၀ါရီ ၁၀ ရက်နောက် ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံ ညှိနှိုင်းမှုများဆောင်ရွက်နေ ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
‘‘၁၀ ရက်နောက်ပိုင်းလို့ အ ကြမ်းဖျင်းမှန်းတယ်။ ဒီဘက်က ထူးသံတမန်လွှတ်မယ်။ ကျွန် တော်တို့နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရမယ့်ဟာတွေအများ ကြီးရှိတယ်။ ဒါတွေဆွေးနွေးမယ်၊ အကြမ်းဖျင်းကတေ့ အဲဒါပဲ။ အသေးစိတ်တော့ပြောလို့မရ သေးဘူး’’ဟု သမ္မတရုံးဝန်ကြီး ဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦး ဇော်ဌေးကဆိုသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင် ငံသို့ ရောက်ရှိနေသည်ဆိုသူများ လွှဲပြောင်းရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရ တင်ပြလာ နိုင်ဖွယ်ရှိပြီး တွေ့ဆုံပွဲတွင်ဆွေး နွေးဖွယ်ရှိကြောင်း သတင်းရရှိ သည်။
‘‘အဲဒါကို သူတို့က စားပွဲပေါ် တင်မှာပဲ။ ဒါနဲ့ပတ်သက်လို့ ဆွေး နွေးမယ်။ ဘယ်လိုလဲဆိုတာတော့ မသိသေးဘူးပေါ့။ ကြိုပြောလို့မရ ပါဘူး’’ဟု ဦးဇော်ဌေးကဆက် လက်ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့်  ဘင်္ဂါလီလူမျိုး နှစ်ထောင်ကျော်ကို မြန်မာနိုင်ငံက ပြန်လည် လက်ခံမည်ဖြစ်ကြောင်း နိုင်ငံတကာ အပါအ၀င် သတင်းဌာနအချို့က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအား ကိုးကား၍ ဒီဇင်ဘာ ၃၁ ရက်က ရေးသားဖော်ပြထား သည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူ မျိုးများကို တရားမ၀င် ၀င်ရောက် လာသူများ ဟုတ်၊ မဟုတ်သိနိုင် ရန် ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ရန် ရခိုင်အပါအ၀င် အမျိုး သားရေးအင်အားစုများက အစဉ် တစိုက် တောင်းဆိုထားပြီး နယ် စပ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း မှ ဘင်္ဂါလီလူမျိုးများသည် မြန်မာ နိုင်ငံမှ ထွက်ပြေးလာသူများဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ ဘက်က စွပ်စွဲပြောကြားမှုများ လည်းရှိခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment