Monday, January 2, 2017

ရှစ်လအတွင်း အိမ်ခြံမြေ အရောင်းအ၀ယ် အခွန်ကျပ် ၄၇ ဘီလီယံ ကောက်ခံရရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်ဧပြီမှ နိုဝင်ဘာအထိ ရှစ်လ အတွင်း ရန်ကုန်တိုင်းတွင် အိမ်ခြံ မြေရောင်းဝယ်ခြင်းမှ အခွန် ကျပ် ၄၇ ဘီလီယံကောက်ခံရရှိထားပြီး ယခင် ဘဏ္ဍာနှစ် ကာလတူထက် ကျပ် ၂၃ ဘီလီယံ ပိုမိုကောက်ခံရ ရှိထားကြောင်း ပြည်တွင်းအခွန် များ ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘အိမ်ခြံမြေ အခွန်နှုန်းထား တွေ လျှော့ချလိုက်တဲ့နောက်ပိုင်း မှာ တန်ဖိုးဖြတ်ပြီး အခွန်ဆောင် တာတွေများလာတယ်’’ဟု ပြည် တွင်းအခွန်များဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူးတစ်ဦး က ပြောသည်။
ရန်ကုန်တိုင်းအတွင်း အိမ်ခြံ မြေအရောင်းအ၀ယ်ပြုလုပ်ပါက သက်ဆိုင်ရာ အခွန်ရုံးတွင် တိုင်း ဒေသကြီး အစိုးရအဖွဲ့က သတ် မှတ်ထားသည့် တစ်ပေပတ်လည် အိမ်ခြံမြေအခွန်နှုန်းထားများဖြင့် တန်ဖိုးဖြတ်ပြီး အခွန်ပေးဆောင်ရ ခြင်းဖြစ်သည်။
ထို့အပြင် ၀ယ်ယူသည့် တန် ဖိုးနှင့် ကိုက်ညီသည့် တံဆိပ်ခေါင်း ကပ်ရမည်ဖြစ်ပြီး သတ်မှတ်အိမ် ခြံမြေအခွန်စံနှုန်းများနှင့် တန်ဖိုးမ ဖြတ်ထားသည့် အိမ်ခြံမြေရောင်း ၀ယ်မှုများ သည် တရားဥပဒေအရ အကျုံးဝင်ခြင်းမရှိသကဲ့သို့ ယင်း ကဲ့သို့ ရောင်းဝယ်မှုများကို စစ် ဆေးတွေ့ရှိပါက တန်ဖိုး၏ ၁၀ ဆကို ဒဏ်ကြေးအဖြစ် ပေးဆောင် ရမည်ဖြစ်ကြောင်း ပြည်တွင်းအ ခွန်များဦးစီးဌာနက ဆိုသည်။
အစိုးရသစ်လက်ထက်တွင် ထုတ်ပြန်သည့် ၂၀၁၆ ပြည် ထောင်စုအခွန်အကောက်ဥပဒေ ၌ ၀င်ငွေရလမ်းဖော်ပြနိုင်သည့် အိမ်ခြံမြေရောင်းဝယ်ခြင်းများအ တွက် အခွန်ကင်းလွတ်ခွင့်ပြုထား သည်။
သို့သော် ၀င်ငွေရလမ်းမဖော် ပြနိုင်သည့် အိမ်ခြံမြေရောင်းဝယ် ခြင်းများအတွက် တစ်ကျပ်မှ ကျပ်သိန်း တစ်ထောင်အထိ အ ခွန် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ် ထောင်ကျော်မှ ကျပ်သိန်းငါး ထောင်အထိ အခွန် ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းငါးထောင်ကျော်မှ ကျပ် သိန်း တစ်သောင်းအထိကို အခွန် ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ် သောင်းကျော်မှ ကျပ်သိန်းတစ် သောင်းခွဲအထိကို အခွန် ၂၀ ရာ ခိုင်နှုန်းနှင့် ကျပ်သိန်းတစ်သောင်း ခွဲအထက်ကို အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ၂၀၁၆ ပြည် ထောင်စုအခွန်အကောက်ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။
ယခု ဘဏ္ဍာနှစ် ရှစ်လအ တွင်း ရန်ကုန်တိုင်းရှိ စီးပွားရေး လုပ်ငန်းများမှ အခွန် ကျပ် ၃၅၆ ဘီလီယံကောက်ခံရရှိထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment