Thursday, January 12, 2017

၂၀၁၅ ခုနှစ်နောက်ပိုင်းမွေးဖွားတဲ့မျိုးဆက်တွေ ဆေးလိပ်လုံးဝ မသောက်အောင် ပိတ်ပင်သွားဖို့ရုရှလုပ်ဆောင်သွားမည်

Image may contain: 1 person, closeup
ရုရှနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းမွေးဖွားသူများအကုန်လုံး ကို ဆေးလိပ်သောက်သုံးခွင့်ပိတ်ပင်သွားဖို့အတွက်စီမံကိန်းကို ကြေငြာလိုက်ပါတယ်။


အခုလို လုပ်ဆောင်မှုအောင်မြင်ခဲ့မယ်ဆိုရင် ရုရှနိုင်ငံဟာ ဆေးလိပ်နဲ့ဆေးရွက်ကြီးဆန့်ကျင်ရေးကို အကြီးမားဆုံးလုပ်ဆောင်တဲ့ကမ္ဘာ့ပထမဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။

ရုရှနိုင်ငံဟာ ဆေးလိပ်သောက်သုံးခြင်းကို ယခင်တုန်းက အရမ်းတင်းကျပ်မှုတွေမရှိခဲ့ပါဘူး၊ အများပိုင်နေရာတွေမှာ ဆေးလိပ်သောက်သုံးခြင်းကိုတောင် ၂၀၁၃ ခုနှစ်မှ စတင်ပိတ်ပင်ခဲ့တာဖြစ်ပေမယ့်နောက်ပိုင်းမှာ အရှိန်အဟုန်မြင့်တင်းကျပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ယခုစီမံကိန်းဟာလည်း မျိုးဆက်သစ်တစ်ခုလုံးအပေါ်မှာဘယ်လိုသက်ရောက်မှုရှိအောင် လုပ်ဆောင်နိုင်မလည်းဆိုတာကို မသိရသေးပါဘူး။

ဒါ့အပြင် မှောင်ခိုရောင်းချနေကြတဲ့ ဆေးလိပ်အစားထိုး ပစ္စည်းတွေဟာလည်း ဆေးလိပ်ထက်တောင် ကျန်းမာရေးကိုထိခိုက်စေနိုင်နေတာတွေရှိနေပါတယ်။

ရှရုပါလီမန် ရဲ့ ကျန်းမာရေး အဖွဲ့ဝင် Nikolai Gerasimenko ကတော့ယခုစီမံကိန်း ဟာ သဘောတရားအားဖြင့်လုံးဝမှန်ကန်တဲ့စီမံကိန်းတစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ယခုစီမံကိန်းမျိုးက ဆေးရွက်ကြီးကုမ္ပဏီတွေ ရဲ့ အတိုက်အခံပေါင်းများစွာကိုရင်ဆိုင်ရမှာဖြစ်ပေမယ့် ရုရှက ယခုလက်ရှိမှာလည်းဆေးလိပ်သောက်သုံးခြင်းကို ဆန့်ကျင်ခြင်းလုပ်ငန်းတွေများစွာစတင်လုပ်ဆောင်နေပါပြီ။

၂၀၁၆ ခုနှစ်မှာ နိုင်ငံရဲ့ ဆေးလိပ်သောက်သုံးသူဦးရေကိုလျော့ချနိုင်ခဲ့ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာဆိုရင် ၃၁ ရာခိုင်နှုန်းကဆေးလိပ်သောက်သုံးသူများဖြစ်ကြပါတယ်။၃၁ရာခိုင်နှုန်းဟာရုရှနိုင်ငံအတွက် လတ်တလောနှစ်တွေထဲမှာ အနှိမ့်ဆုံးပမာဏဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment