Thursday, January 12, 2017

အမေရိကန် အနောက်အလယ်ပိုင်းနဲ့ အရှေ့တောင်အာရှအကြား ကုန်သွယ်မှုပိုင်းအတွက် Alibaba မှ Jack Ma နဲ့ Donald Trump တို့ တွေ့ဆုံဆွေးနွေးခဲ့

Image may contain: 1 person
No automatic alt text available.
တရုတ်ရဲ့ e-commerce လုပ်ငန်းကြီးဖြစ်တဲ့ Alibaba ရဲ့ ဥက္ကဌJack Ma နဲ့ တွေ့ဆုံခဲ့ပြီးတော့ အမေရိကန်အလုပ်အကိုင်သစ်၁ သန်းကျော် တိုးမြင့်ဖန်တီးနိုင်ရေး ကိစ္စကို ဆွေးနွေးခဲ့ကြတယ်ဆိုပြီးရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။

အလားတူ တစ်ဘက်မှာလည်း မိမိတို့လုပ်ငန်းရဲ့ တိုးချဲ့လုပ်ဆောင်မယ့်အစီအစဉ်တွေထဲမှာ အထည်အလိပ်၊ ၀ိုင်နဲ့ သစ်သီးလိုမျိုး ထုတ်ကုန်ပစ္စည်းတွေအပေါ် အလေးထားသွားမှာဖြစ်သလို အမေရိကန်အနောက်အလယ်ပိုင်းနဲ့ အရှေ့တောင်အာရှအကြား ကုန်သွယ်မှုပိုင်းကို အထူးအလေးထားသွားဖို့ရှိတယ်လို့ Alibaba တည်ထောင်သူ Jack Ma က ထုတ်ဖော်ပြောသွားပါတယ်။

" ကျွန်တော်တို့ လုပ်ငန်းသေးတွေဘက်မှာ အလေးထားလုပ်သွားဖို့ရှိပါတယ်၊ အသေးစားအလုပ်အကိုင် ၁ သန်း ဖန်တီးပေးနိုင်ဖို့ လုပ်သွားပါမယ်၊ အမေရိက အနောက်အလယ်ပိုင်းမှာပါ၊ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းပေါ်မှာလည်း ထုတ်ကုန်တွေ ရောင်းချမယ့်လုပ်ငန်းသေးတွေအနေနဲ့ တရုတ်နဲ့ အာရှဒေသကို အဓိကထားရောင်းချနိုင်အောင်လုပ်ပေးသွားမှာပါ" လို့ Jack Ma က ပြောသွားပါတယ်။

Alibaba ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရတော့ တရုတ်အွန်လိုင်းလက်လီလုပ်ငန်းကုမ္ပဏီအနေနဲ့ လာမယ့်ငါးနှစ်အတွင်း အလုပ်အကိုင် ၁ သန်းကျော် ဖန်တီးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။"Alibaba အနေနဲ့ အလုပ်အကိုင် ၁ သန်း ဖန်တီးပေးသွားမှာပါ၊အမေရိကန်လုပ်ငန်းသေးတွေနဲ့ တောင်သူတွေအနေနဲ့ အမေရိကန်ထုတ်ကုန်တွေကို ဒီပလက်ဖောင်းပေါ်ကနေတဆင့် တရုတ်နဲ့ အာရှဒေသတွေဆီ ရောင်းချသွားနိုင်ပါလိမ့်မယ်" လို့ တရုတ်ကုမ္ပဏီက ထုတ်ပြန်သွားခဲ့ပါတယ်။

# SFJ Strategy First Journal

0 comments:

Post a Comment