Thursday, January 12, 2017

တိုက်ပွဲများကြောင့် ထွက်ပြေးသော စစ်ဘေးဒုက္ခသည်များကို တရုတ်ဘက်က လက်မခံဟုဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများ ကြောင့် ထွက်ပြေးတိမ်းရှောင်လာ သော စစ်ဘေးဒုက္ခသည်များကို  တရုတ်နိုင်ငံဘက်က လက်မခံ သောကြောင့် စစ်ဘေးဒုက္ခသည် များ အခက်အခဲများ ကြုံတွေ့နေ ကြောင်း ဒုက္ခသည်များအား ကူညီ နေသော အသင်းအဖွဲ့များက ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များကြောင့် ဇိုင်းအောင်နှင့် ခေါင် ရှောင်စစ်ဘေးဒုက္ခသည်စခန်း များမှ စစ်ဘေးဒုက္ခသည် ၄,၀၀၀ ကျော်သည် ဇန်နဝါရီ ၁၀ ရက်ညက ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း အရပ်ဘက်အဖွဲ့အစည်း ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပူးပေါင်း လုပ်ငန်းစဉ်အဖွဲ့(JST) က ထုတ်ပြန်သည်။
‘‘တိုက်ပွဲဆက်ဖြစ်တာ မနေ့ က တော်တော်ပြင်းထန်တဲ့အနေ အထားရှိတယ်။ IDP တွေက ဘေးကင်းလုံခြုံမှုမရှိတော့တဲ့အတွက် မနေ့ညနေကနေ တရုတ်ဘက်ကူး ဖို့ ပြင်ကြတယ်။ ဘော်ဒါဧရိယာ မှာဆိုတော့ ဟိုဘက်ကူးတာပေါ့။ ဒီနေ့မနက် ၄ နာရီလောက်မှာ တရုတ်ရဲတွေလာပြီး သူတို့ဘက် ခြမ်းမှာ မနေဖို့၊ မြန်မာပြည်ဘက် ခြမ်းကို ပြန်နေဖို့ နှင်လွှတ်လိုက် တဲ့အနေအထားပါ’’ဟု JST မှ ပြောရေးဆိုခွင့်ရှိသူ ဦးဂွမ်ရှာအောင်က ပြောသည်။
တရုတ်နိုင်ငံဘက်သို့ ထွက် ပြေးတိမ်းရှောင်ရန် ကြိုးစားခဲ့ သည့် စစ်ဘေးဒုက္ခသည်များကို တရုတ်အာဏာပိုင်များက လက် မခံဘဲ ဇန်နဝါရီ ၁၁ ရက် နံနက်က ပြန်လည်စေလွှတ်ခဲ့ကြောင်း စစ်ဘေးဒုက္ခသည်အရေး ဆောင်ရွက် နေသော ဒေသတွင်း သတင်းရင်း မြစ်များက ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသ နှင့် အနီးဆုံးစစ်ဘေးဒုက္ခသည် စခန်း သုံးခုရှိပြီး လူဦးရေ ၆,၀၀၀ ကျော်ရှိကြောင်း သတင်းရရှိ သည်။
တပ်မတော်နှင့် ကေအိုင်အေတို့ ဝိုင်းမော်မြို့နယ် ဂီဒွန်၊ လိုင် ဖောင် စသည့် ဒေသများတွင် ပြီးခဲ့သည့်ဒီဇင်ဘာကစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
ဂီဒွန်၊ လိုင်ဖောင်စခန်းများ နှင့်ဆက်စပ်စခန်းများကို တပ်မ တော်က သိမ်းပိုက်ခဲ့ပြီး အဆိုပါ စခန်းများသည် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များကို ခြိမ်း ခြောက်နိုင်ရန်ဖြစ်ကြောင်း တပ်မ တော်က သတင်းထုတ်ပြန်ထား သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment