Tuesday, December 6, 2016

၂၀၁၃ ခုနှစ်က ရေးဆွဲခဲ့သော မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို ခေတ်နှင့်လိုက်လျောညီထွေစေရန် Update လုပ်ဆောင်နေရာ ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်မည်

၂၀၁၃ ခုနှစ်က ရေးဆွဲပြီးစီးခဲ့သည့် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ ကို ခေတ်နှင့်လိုက်လျောညီ ထွေစေရန် Update လုပ်ဆောင်နေရာ ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားသည်။

မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA တို့ ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကို ယခုနှစ် သြဂုတ်မှ ဒီဇင်ဘာအထိ Update လုပ်ဆောင်ကာ ပြန်လည် ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

“စီမံကိန်းကို Update လုပ်နေတဲ့ အခြေအနေကို ဒီဇင်ဘာလကုန်မှာ ထုတ်ပြန်ပေးဖို့ ညှိနှိုင်းထားပါတယ်။ Update လုပ်တယ်ဆိုတာ အရင်တုန်းက ဒီစီမံကိန်းကို ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ကွက်ကွက်ကလေးကိုပဲ စဉ်းစားတာခဲ့တာ။ အခုကတော့  ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးကို ခြုံပြီးတော့ စဉ်းစားပါတယ်။ နောက်တစ်ခုက ခေတ်စနစ်နှင့် ကိုက်ညီအောင်လည်းလုပ်တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
ယင်းသို့ စီမံကိန်းအား ခေတ်နှင့်လိုက် လျောညီထွေစေရန် Update လုပ်ရာတွင် ရာခိုင်နှုန်း မည်မျှပြီးစီးသည်ဆိုသည်ကို   JICA နှင့် ပြန်လည်ညှိနှိုင်းရမည် ဖြစ်ကြောင်း ဒေါ်လှိုင်မော်ဦးက ဆိုသည်။
မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်း ၂၀၄၀ စီမံကိန်းသည် ရန်ကုန်မြို့၏ တိုးပွားလာသည့် လူဦးရေအရ လာမည့် ၂၀၄၀ ပြည့်နှစ်အထိ ရည်မှန်းရေွးဲထားသည့် စီမံကိန်းဖြစ်ပြီး အဆိုပါစီမံကိန်းတွင် ရန်ကုန်မြို့၏ အိမ်ရာစီမံကိန်း၊ စက်မှုဇုန်ဖွံ့ဖြိုးရေး၊ မြို့ပြဖွံ့ဖြိုးရေးကိစ္စများ၊ ရေမြောင်းများ ရှင်းလင်းတူးဖော်ရေး၊ မီးရထား ပို့ဆောင်ရေး၊ ရေ၊ မီးရရှိရေးစသည့် ကိစ္စရပ်များပါဝင်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို Update လုပ်ဆောင်ရာတွင် ရန်ကုန်မြို့လယ်ဧရိယာ၏ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် လုပ်ငန်းများအား အဓိကအနေဖြင့် ထည့်သွင်းလုပ်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ မြို့ပြစီမံကိန်းဌာနခွဲတာဝန်ခံ ဦးတိုးအောင်က သြဂုတ်လအတွင်းက ပြောကြားထားသည်။
ယခုစီမံကိန်းအား Update လုပ်ဆောင်သည့်အထဲတွင် ရန်ကုန်မြို့အား မြို့သစ်ချဲ့သည့် ကိစ္စများလည်း ပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
ရန်ကုန်မြို့အား ချဲ့ထွင်မည့် မြို့သစ်စီမံကိန်းခုနစ်အနေဖြင့်  ရန်ကုန်အရှေ့ပိုင်း မြို့သစ် ၁၇၃၇၅ ဧက၊  ရန်ကုန်အနောက်တောင်ပိုင်း မြို့သစ်  (ရန်ကုန်မြို့သစ်) ၂၁၇၁၆ ဧက၊ သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊ ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ မှော်ဘီမြို့သစ် ၁၁၅၉၄ ဧက နှင့် လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧကတို့အား ယခင်အစိုးရ လက်ထက်ကတည်းက လျာထားခြင်းဖြစ်ကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment