Friday, December 23, 2016

တရားမ၀င် ဘက်ထရီပန့်ဖြင့် စက်သုံးဆီရောင်းချသူကို အရေးယူ

စစ်ကိုင်းတွင် တရားမ၀င် ဘက်ထရီပန့်ဖြင့် စက်သုံးဆီရောင်း ချသူကို အရေးယူထားကြောင်း စစ်ကိုင်းမြို့ မြို့မရဲစခန်းမှ သတင်း ရရှိသည်။

စစ်ကိုင်းမြို့၊ သောတာပန် ရပ်ကွက်၊  တောင်တက်လမ်း၊ ဘောဂ၀တီချောင်ရှေ့၌ တရားမ ၀င်ဘက်ထရီပန့်ဖြင့် စက်သုံးဆီ ရောင်းချနေသော အသက် (၂၇) နှစ်အရွယ် အမျိုးသားတစ်ဦးကို စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၄ (ခ) ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း စစ်ကိုင်းမြို့ မြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
‘‘မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော် မတီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနဲ့ တာဝန်ရှိသူတွေ က စစ်ကိုင်းတောင်တက်လမ်းမှာ တရားမ၀င်ဘက်ထရီပန့်နဲ့ စက်သုံးဆီရောင်းချနေတာတွေ့လို့ ဖမ်း ဆီးခဲ့တာပါ။ မီးဘေးကြိုတင်ကာ ကွယ်တဲ့အနေနဲ့ မီးလောင်မှုဖြစ် ပွားနိုင်တဲ့ ဘက်ထရီပန့်နဲ့ စက်သုံးဆီရောင်းချတာကို တားမြစ်ထားပါတယ်။ စက်သုံးဆီရောင်းချသူကို ရဲအရေးမပိုင်တဲ့အမှုဖြစ်တဲ့အ တွက် တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး အရေးယူထားတာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောကြားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment