Friday, December 9, 2016

မုန်တိုင်းငယ်အားပိုကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာ အိန္ဒိယကမ်းခြေသို့ ၀င်ရောက်မည်ခန့်မှန်း

ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းငယ်သည် အားပို ကောင်းလာကာ ဆိုင်ကလုန်းမုန် တိုင်း‘ဗာဒတ်ရှ်’(VARDAH)ဟု အ မည်တပ်မုန်တိုင်းဖြစ်ခဲ့ပြီး အိန္ဒိယ နိုင်ငံကမ်းခြေသို့ ၀င်ရောက်နိုင် ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဒီဇင်ဘာ ၈ ရက် နေ့လယ် တွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့် သို့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်ညနှင့် ၁၃ ရက် နံနက်အစော ပိုင်းတွင် အိန္ဒိယ နိုင်ငံကမ်းခြေသို့ ၀င်ရောက်နိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းနှင့်ဝေး၍ ဒေ သအချို့ အချိန်အခါမဟုတ်မိုးရွာ နိုင်ခြင်းနှင့် ကမ်းရိုးတန်းဒေသများ လေပြင်း သတိထားရန်မှလွဲ၍ မြန်မာနိုင်ငံအတွက် မုန်တိုင်း အန္တရာယ်သိသိသာသာ မကြီးမား ကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။


မိုးဇလဌာနက ဆိုင်ကလုန်း မုန်တိုင်း ‘ဗာဒတ်ရှ်’ (VARDAH) သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက်မိုင် ၂၃၀ ခန့်၊ အိန္ဒိယနိုင်ငံ ဗီဇာကာ ပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၅၆၀ ခန့်၊ မာချီလီပတ္တနမ်မြို့ ၏ အရှေ့-အရှေ့တောင်ဘက် မိုင် ၆၁၀ ခန့်၊ ပို့ဘလဲယားမြို့၏ အနောက်ဘက် ၁၃၅ မိုင်ခန့်အ ကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ကြောင်း ဒီဇင်ဘာ ၈ ရက်ညက သတင်းထုတ်ပြန်ထားသည်။ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် အ ချိန်အခါမဟုတ် မိုးရွာနိုင်ကာ မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်း တစ် လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် အရှေ့ဘက်မှ လေ ပြင်းများကြောင့် လေတိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်အထိ လေ ပြင်းတိုက်ခတ်နိုင်ကြောင်း သတိ ပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်း ‘ဗာ ဒတ်ရှ်’(VARDAH)သည် အောက် တိုဘာမှ စတင်သည့် မိုးလွန်ကာ လအတွင်း ဘင်္ဂလားပင်လယ် အော်၌ လေးလုံးမြောက်ဖြစ်သည့် မုန်တိုင်းဖြစ်သည်။ အောက်တို ဘာ နောက်ဆုံးပတ်က ကြံ့ (KYANT) ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ခဲ့ပြီး ယင်းကာလနှင့် မရှေးမ နှောင်းမှာပင် မုန်တိုင်းငယ်အဆင့် ရောက်သော မုန်တိုင်းတစ်လုံးဖြစ် ခဲ့သည်။ ဒီဇင်ဘာလဆန်းပိုင်းတွင် ‘နာဒါ’ (NADA) ဆိုင်ကလုန်းမုန် တိုင်းဖြစ်ခဲ့ပြီး ယင်းမုန်တိုင်းအား လုံး အိန္ဒိယနိုင်ငံ ကမ်းခြေသို့ ၀င် ရောက်ခဲ့ခြင်းဖြစ်သည်။

ကြံ့(KYANT) ဆိုင်ကလုန်း မုန်တိုင်းကို မြန်မာနိုင်ငံက အ လှည့်ကျ အမည်ပေးခဲ့ကာ‘နာဒါ’ (NADA) ဆိုင်ကလုန်းမုန်တိုင်းကို အိုမန်နိုင်ငံ၊ ယခုဖြစ်ပေါ်နေသော ‘‘ဗာဒတ်ရှ်’’ (VARDAH) ဆိုင်က လုန်းမုန်တိုင်းကို ပါကစ္စတန်နိုင်ငံ က အလှည့်ကျအမည်ပေးခြင်းဖြစ် ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းရ ရှိသည်။

Credit To >>>> 7 Day Daily

0 comments:

Post a Comment