Friday, December 9, 2016

သတင်းအမှား ဖော်ပြသော ဒေးလီးမေးလ် သတင်းဌာနကို အစိုးရတုံ့ပြန်


ဘင်္ဂါလီ ကလေးငယ် အား မြန်မာစစ်သားတစ်ဦးက နှိပ် စက်နေကြောင်း သတင်းမှားဖော် ပြခဲ့သော ဗြိတိန်အခြေစိုက် ဒေးလီးမေးလ်သတင်းဌာနကို မြန်မာအစိုးရအနေဖြင့် ဥပဒေကြောင်းအရနှင့် မီဒီယာလုပ်ထုံး လုပ်နည်းအရ တုံ့ပြန်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီဇင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။


ဒီဇင်ဘာ ၇ ရက်က ဒေးလီး မေးလ်၏ အင်တာနက်စာမျက်နှာ တွင် 'Heartbreaking images show Rohingya toddler tortu -red with a stun gun by laughing Burmese soldier' as Burma continues crackdown on the country's Muslim minority' သတင်းခေါင်းစဉ်ဖြင့် ရယ်မောနေသော မြန်မာစစ်သား တစ်ဦးက ကျဉ်စက်အသုံးပြု၍ ရက်စက်စွာ နှိပ်စက်ခြင်းခံနေရသ ဖြင့် နာကျင်စွာ အော်ဟစ်ငိုကြွေးနေသော ပြေးတတ်စအရွယ် ကိုယ်တုံးလုံး ကလေးငယ်တစ်ဦး၏ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် ဖော်ပြခဲ့သည်။ ယင်းဖြစ်စဉ်မှာ ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုကလေးငယ်အား နှိပ်စက်ခဲ့သူများကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း၊ ထိုသတင်းဗီဒီယို ပျံ့နှံ့ပြီးနောက်တွင် ကမ္ဘောဒီးယားမှ အချိန်မီ ထွက်ပြေးသွားသူ တစ်ဦးကိုဖမ်းမမိသေးဘဲ လွတ်မြောက်နေကြောင်း ဒေးလီးမေးလ် သတင်းအောက်တွင် မှတ်ချက်ရေးသားခဲ့သူများ ရှိသည်။

‘မြန်မာနိုင်ငံအစိုးရမှ တာဝန် ရှိသူများအနေဖြင့် Daily Mail က သတင်းမှား ဖော်ပြခဲ့ခြင်းနှင့်ပတ် သက်၍ ဥပဒေကြောင်းအရလည်း ကောင်း၊ စာနယ်ဇင်းဆိုင်ရာ လုပ် ထုံးလုပ်နည်းများအရလည်း ကောင်း လေ့လာလျက်ရှိပြီး ထိုက်သင့်သည့် တုံ့ပြန်မှုများ ပြု လုပ်သွားမည်ဖြစ်သည်’’ဟုနိုင်ငံ တော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန် ချက်၌ ပါရှိသည်။

သတင်းမှားကြောင်း ဝေဖန် မှုများ တုံ့ပြန်ခံရပြီးနောက်တွင် ဒေးလီးမေးလ်က ယင်းသတင်း ကို ၎င်း၏ဝက်ဘ်စာမျက်နှာမှ ပြန်လည်ဖြုတ်ချခဲ့သော်လည်း ၎င်းထံမှယူ၍ အခြားအင်တာနက် စာမျက်နှာများက ထပ်ဆင့်ဖော် ပြလျက်ရှိဆဲဖြစ်သည်။ လက်ရှိ အချိန်အထိ ဒေးလီးမေးလ်၏ သတင်းအမှားကိုထောက်၍ မြန် မာအား ဝေဖန်စွပ်စွဲမှုများ တွစ် တာတွင် ပျံ့နှံ့နေဆဲဖြစ်သည်။

‘မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ ခြင်းမဟုတ်ဘဲ အခြားနိုင်ငံများ ၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှတ် တမ်းများကို လွဲမှားစွာအသုံးပြု၍ သတင်းမှား ချဲ့ကားဖော်ပြခြင်းသည် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုများ ပိုမိုမြင့်တက်လာစေကြောင်း တွေ့ရှိရသည်’ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ထုတ်ပြန်ချက်က ထောက်ပြသည်။

နိုဝင်ဘာနှောင်းပိုင်းကလည်း မြန်မာအနေဖြင့် ဘင်္ဂါလီ (ရိုဟင်ဂျာ)များကို အစုလိုက အပြုံလိုက် နှင်ထုတ်ခြင်း (သို့မဟုတ်) လူမျိုးတုံးသတ်ဖြတ်ခြင်း လုပ်ဆောင်လိုနေကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ ကော့ဘဇား အခြေစိုက် ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီ (UNHCR)အကြီးအကဲ ဂျွန်မက်ကစ်ဆစ်ခ်၏ ပြောကြား ချက်များကို BBCသတင်းဌာနက 'Myanmarwants ethnic cleansing of Rohingya-UN official'ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ ဂျီနီဗာမြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးထင်လင်းက နိုဝင်ဘာ၂၅ ရက်တွင် ဂျီနီဗာရှိ UNHCR ဌာနချုပ် လက်ထောက် မဟာမင်းကြီး (တားဆီးကာကွယ်ရေးဆိုင် ရာ) မစ္စတာဗော့လ်ကာတာ့ခ်ကို သွားရောက်တွေ့ဆုံပြီး ကန့်ကွက် သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment