Saturday, May 25, 2013
၂၄-၅-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်လမ်းဆုံတွင် ပဲခူးမြို့၊ မဟာကုသိနာ ရုံကျောင်းနေ ဆရာတော် ဥူးရေ၀တ(ခ) ဦးတင်ကြွယ်(၇၇)နှစ်(၂၇)၀ါထံသို့ ၂၃ယ/xxxxx ဆိုင်ကလုန်းဆိုင်ကယ်ဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ရဲစခန်းမှမေးစရာရှိသဖြင့်ခေါ်သည်ဟုပြောကာ ဆိုင်ကယ်ဖြင့် ကျောက် ဆည် ဂေါက်ကွင်းသွားသည့်လမ်း တောစပ်သို့ခေါ်ဆောင်သွားပြီး ပစ္စည်းများလုယူသွားကြောင်း သတင်းအရ ကျောက်ဆည်မြို့ မရဲစခန်းမှတပ်ဖွဲ့ဝင်များ လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ခေါ်ဆောင်သွားသူ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နေ၊ ဇော်နိုင် (ခ)ဇော်သိန်းနိုင် (၃၈)နှစ်အား သက်သေခံ ငွေကျပ်(၁၀၀၀၀၀ိ/-)၊ ဘဏ်စာအုပ် ၂ အုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ ဇော်နိုင်(ခ)ဇော်သိန်းနိုင်သည် လွန်ခဲ့သော(၁)လခန့်က ကျောက်ဆည်မြို့၊ ဘော်တောင်ဒေသ၊ ဘုန်းကြီးကျောင်း ၁ ကျောင်းရှိ သံဃာ ၁ ပါးထံမှ ရေတွင်းတူးပေးမည်ဟုဆိုကာ ငွေကျပ်(၁၅၀၀၀၀ိ/-)အား လိမ်လည်ယူဆောင်ခဲ့ကြောင်း၊ ယခင်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင်နေထိုင်စဉ် ဘုန်းကြီးကျောင်းများမှ ပစ္စည်းခိုးယူခြင်းများကျူးလွန်ဘူးကြောင်း သိရှိရသဖြင့် ဇော်နိုင်(ခ)ဇော်သိန်းနိုင်အား ကျောက်ဆည်မြို့မရဲစခန်း(ပ)၂၆၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၁၇၀/၃၈၂/၂၉၅-ကဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
ထို့အတူ ၂၄-၅-၂၀၁၃ ရက်နေ့ ၁၇၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ဒေါ်ခင်မာအေး(ခ)မမီးမီး၏နေအိမ်သို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိဟုပြောဆိုကာ သင်တန်းသွားရန်အတွက် ငွေကြေး လာရောက်တောင်းခံနေသဖြင့် စစ်ဆေးပေးရန် ဖုန်းနှင့်အကြောင်းကြားချက်အရ အောင်ပင်လယ် နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ အဆိုပါအမျိုးသားမှာ ရဲဝန်ထမ်းမဟုတ်ဘဲ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ မင်းထိုက်(ခ)ကောင်းထက်လင်း (၂၅)နှစ်ဖြစ်ကြောင်း၊ ယခင်အမှတ်(၉)ရဲစခန်းတွင် ရဲတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ် ၁ နှစ်ခွဲ ကျခံဘူးသူဖြစ်ကြောင်း၊ လွန်ခဲ့သော (၂)ပတ်ခန့်ကလည်း ကန်သာယာရပ်ကွက်၊ ၅၆ လမ်းဘေးရှိ ““ကိုလာလာ”” စားသောက်ဆိုင်တွင် ယခုကဲ့သို့ငွေကြေးတောင်းခံခဲ့ဘူးကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မင်းထိုက်(ခ) ကောင်းထက်လင်းအား အောင်ပင်လယ်နယ်မြေရဲစခန်း(ပ)၁၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၂၀/၁၇၀ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment