Thursday, December 15, 2016

တောင်တရုတ်ပင်လယ်ရှိ ကျွန်းများပေါ်တွင် ကာကွယ်ရေးစနစ်တရုတ်တိုးမြှင့်နေ

No automatic alt text available.
အသစ်ထွက်ပေါ်လာသော ဂြိုဟ်တုပုံရိပ်များအရ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတုများပေါ်တွင် ကာကွယ်ရေးလက်နက်များကို သိသိသာသာတပ်ဆင်နေကြောင်း အမေရိကန်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ ပေကျင်းအစိုးရသည် မကြာသေးမီနှစ်များအတွင်း ကုန်းမြေတုများနှင့် သန္တာကျောက်တန်းများကို တည်ဆောက်ခြင်းအပါအဝင် စပါတလေကျွန်းစုများတွင် ကျွန်းတု ၇ ခုကို ဖန်တီးတည်ဆောက်ခဲ့သည်။ တောင်တရုတ်ပင်လယ်တွင်း ပြိုင်ဆိုင်မှုပြင်းထန်နေသော ဒေသတွင် စစ်ရေးချဲ့ထွင်ရန်မဟုတ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုထားသော်လည်း ဆက်လက်ထွက်ပေါ်လာသော ဂြိုဟ်တုဓါတ်ပုံများအရ စစ်ရေးအသုံးပစ္စည်းများနှင့် ရှည်လျားသော လေယာဉ်ပြေးလမ်းများကို မြင်တွေ့ခဲ့ကြရသည်။ နောက်ဆုံးထွက်ပေါ်လာသော Asia Maritime Transparency Initiative (AMTI) အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျွန်းတု ၇ ခုပေါ်တွင် ဆဌဂံပုံစံအဆောက်အဦးများကို တွေ့ရှိထားကြောင်း သတင်းထုတ်ပြန်ထားသည်။ AMTI အဖွဲ့က ၄င်းပုံသဏ္ဍာန်မျာူသည် လေယာဉ်များကို တိုက်ခိုက်နိုင်သော လက်နက်များနှင့် အလုံပိတ်လက်နက်စနစ်များ ဖြစ်သည်ဟုဆိုသည်။ ယင်းစနစ်များသည် တိုက်ခိုက်လာမည့် ဒုံးကျည်များနှင့် ရန်သူ့လေယာဉ်များကို တိုက်ထုတ်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။



Credit To >>> Democracy Today

0 comments:

Post a Comment