Thursday, December 15, 2016

ကျောက်ဖြူ စီးပွားရေးဇုန်တွင် တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်မည့် ပြည်တွင်းကုမ္ပဏီများကို ယခုလကုန် ရွေးချယ်မည်

 ကျောက်ဖြူအထူးစီးပွား ရေးဇုန် ပြန်လည် စတင်ရန် တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းလုပ် ဆောင်မည့် ပြည်တွင်းကုမ္ပဏီ များကို ဒီဇင်ဘာလကုန်တွင် ရွေး ချယ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ရွေးချယ်သည့် ကုမ္ပဏီများ ကို ဇုန်စီမံခန့်ခွဲမှုကော်မတီက အ ထူးစီးပွားရေးဇုန် ဗဟိုကော်မတီ ထံတင်ပြပြီး အတည်ပြုမည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဦးမောင်က ပြော သည်။ ‘‘ပြည်ပ ကုမ္ပဏီလုံးဝမရွေး ဘူး။ အမျိုးသား ကုမ္ပဏီတွေပဲ ရွေးမယ်။ နဂိုကတည်းက စိတ်ဝင် စားမှုဖော်ပြလွှာတွေ ခေါ်ထား တယ်’’ဟု ဒေါက်တာ ဦးမောင်က ပြောသည်။
အဆိုပါ ပြည်တွင်းကုမ္ပဏီ များကို အစိုးရသစ်လက်ထက်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် ကျောက် ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲ မှုကော်မတီက ဒီဇင်ဘာ ၁ ရက်၌ ဖိတ်ခေါ်ခဲ့သည်။ ယခင်စီမံခန့်ခွဲမှု ကော်မတီက မတ်လ ၃၀ ရက်က အဆိုပြုလွှာ ဖိတ်ခေါ်ထားသည့် ကုမ္ပဏီ ၁၉ ခုပြန်လည်လျှောက် ထားရမည်ဖြစ်ကြောင်း ဒေါက် တာဦးမောင်ကပြောသည်။
အဆိုပြုလွှာ သတ်မှတ်ရက် သည် ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက် အထိဖြစ်ကြောင်း ကျောက်ဖြူ အ ထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော် မတီက ထုတ်ပြန်ကြေညာထား သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်ပြန်လည်စတင်ရန် တင်ဒါ အောင်ထားသည့် တရုတ်အစိုးရ ပိုင် CITIC ကုမ္ပဏီနှင့် မကြာမီ ဆွေးနွေးမည်ဖြစ်ကြောင်း အဆို ပါကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာ ဦးမောင်ကပြောသည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင် ပြည်တွင်းလုပ်ငန်းရှင်များ ပါဝင်နိုင်ရန် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၉ ရက်တွင် ပြည် တွင်းလုပ်ငန်းရှင်များအား ဖိတ်ခေါ် ခဲ့ကြောင်း အဆိုပါ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကပြောကြား သည်။ တင်ဒါအောင်ထားသည့် တရုတ် CITIC Consortium သည် ကျောက်ဖြူအထူးစီးပွားရေး ဇုန်အတွင်း စက်မှုဇုန်နှင့် ရေနက် ဆိပ်ကမ်းစီမံကိန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ ကိုးဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဟုဆိုသည်။
စက်မှုဇုန်အတွက် တင်ဒါ ခေါ်ယူစဉ်က ရှယ်ယာပိုင်ဆိုင်မှု ကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်း နှင့် တရုတ်ကုမ္ပဏီဘက်က ၄၉ ရာခိုင်နှုန်းသတ်မှတ်ထားသော် လည်း ရေနက်ဆိပ်ကမ်းအတွက် သတ်မှတ်ချက်မရှိသေးကြောင်း ယခင်စီမံခန့်ခွဲမှုကော်မတီ အ တွင်းရေးမှူးကပြောကြားသည်။
ဦးသိန်းစိန်အစိုးရသက်တမ်း ကုန်ခါနီးတွင် အဆိုပါစီမံကိန်း အ လျင်အမြန် အကောင်အထည် ဖော်ရန် ဆောင်ရွက်ခြင်းနှင့် စီမံ ကိန်းအတွက် တရုတ်ထံမှ အစိုးရက ချေးယူရမည့် ချေးငွေသည် အတိုးနှုန်းများသဖြင့် ဒေသခံများ က စိုးရိမ်သော စီမံကိန်းဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment