Thursday, December 15, 2016

တတိယအကြိမ်မြောက် Dynamic Photo-Art Exhibition ရန်ကုန်မြို့တွင် ကျင်းပမည်

Image may contain: cloud, sky, ocean, twilight, outdoor, nature and water
တတိယအကြိမ်မြောက် Dynamic Photo-Art Exhibition ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ The Yangon Gallery တွင် ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

''ပြိုင်ပွဲမှာပြသမယ့် ပုံတွေကတော့ သာမန်အခြေအနေရိုက်ကူးထားတာ မဟုတ်ပါဘူး။ ပြသထားတဲ့ပုံတွေကလည်း စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ပုံတွေပါ။ အရည်အသွေးကောင်းကောင်းနဲ့ ပုံကြီးချဲ့နိုင်အောင်လည်း ရိုက်ထားပေးပါတယ်။ အဲဒီထဲမှာ ကော့သောင်းရေအောက်ရှုခင်း၊ ရှမ်းပြည်နယ် ရှုခင်းတွေအပါအဝင် သာမန်သတိမထားမိနိုင်တဲ့ အမြင်အသစ်တွေ၊ အတွေးအခေါ်အသစ်တွေနဲ့ ရိုက်ကူးထားတဲ့ ပုံတွေဖြစ်ပါတယ်'' ဟု Dynamic Digital Photography Training Course မှ ဦးဖေမြင့်ဦးက ပြောသည်။

အဆိုပါပြပွဲတွင် မြန်မာပြည်၏ ထူးခြားလှပသည့် ရှုခင်းများ၊ ရေအောက် ရှုခင်းများ၊ တီထွင်ဆန်းသစ်သည့် ဓာတ်ပုံအတတ်ပညာများနှင့် ဖန်တီးရိုက်ကူးထားသော ဓာတ်ပုံဆရာ ၃၇ ဦး၏ မြန်မာပြည်အနှံ့လှည့်လည်ရိုက်ကူးထားသော ဓာတ်ပုံပေါင်း ၈ဝ ကို ပြသရောင်းချသွားမည်ဖြစ်ပြီး ရောင်းချရသည့် ငွေ၏ ၅ဝ ရာခိုင်နှုန်းကို ပရဟိတအသင်းအဖွဲ့များကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ နေ့စဉ် နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီအထိ ဝင်ကြေးအခမဲ့ဖြင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။




Credit To >>> The Mirror Daily

0 comments:

Post a Comment