Wednesday, December 7, 2016

အမေရိကန်နိုင်ငံအနေဖြင့် အာရှ-ပစိဖိတ်ဒေသတွင် စိတ်ဝင်စားမှုအပြည့်အဝရှိနေဆဲဖြစ်ကြောင်း ကာကွယ်ဝန်ကြီးဆို


အမေရိကန်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် စိတ်ဝင်စားမှု အပြည့်ဖြင့် ခိုင်မာစွာရပ်တည်နေဆဲဖြစ်ပြီး ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ထံသို့ အစိုးရတာဝန်များကို အစီအစဉ်တကျလွှဲပြောင်းရယူရန် အလုပ်လုပ်ဆောင်နေရဆဲဖြစ်ကြောင်း ကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ ဝန်ကြီးကာတာသည် အမေရိကန်တပ်ဖွဲ့ဝင်များဆက်လက်ထားရှိရန် ငွေကြေးပိုမိုပေးဆောင်ကြရန် သို့မဟုတ် တပ်ဖွဲ့ဝင်များအားလုံးကို ရုတ်သိမ်းမည်ဖြစ်ကြောင်း မဟာမိတ်နိုင်ငံများကို ကြေညာခဲ့သည့် ထရန့် ရွေးကောက်ပွဲအောင်နိုင်ခဲ့ပြီးနောက် စိုးရိမ်စိတ်များကို လျှော့ချနိုင်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ မကြာခင်သက်တမ်းကုန်ဆုံးတော့မည့် ဘားရက်အိုဘားမား အစိုးရအနေဖြင့် အမေရိကန်မဟာမိတ်နိုင်ငံတို့သည် ထိပ်တန်းဦးစားပေးအဆင့်တွင် ရှိသည်။ ယင်းဒေသတွင် ဒေါ်နယ်ထရန့်၏ ချည်းကပ်ပုံ အသေးစိတ်ကို မသိရှိရသေးသော်လည်း ကာကွယ်ရေး အသုံးစရိတ်များကို ပိုမိုသုံးစွဲနေရသည့် အတွက် ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့သော အမေရိကန်မဟာမိတ်နိုင်ငံများကို ပစ်မှတ်ထားကာ စောင့်ကြည့်ချင်ကြောင်း သုံးသပ်နေကြသည်။

Credit To >>> Democracy Today



0 comments:

Post a Comment